Wednesday, October 21, 2009

hello kitty

ဝေဟင်ပေါ်က သံစဉ်

Posted on October 12, 2009 by ၀င်းဇော်နိုင်

ဘ၀က
မြစ်တစ်စင်းလို စီးဆင်းနေပြီး
ဆန္ဒတွေက တိမ်တွေလို
လေနှင်ရာ လွင့်မျောနေခဲ့တယ်။
လွမ်းတိုင်းမျက်ရည်မကျပေမယ့်
သတိရတိုင်း မျက်ရည်ဝိုင်းခဲ့ရတယ်
မတူညီတဲ့ သံယောဇဉ်နှစ်ခုကြားမှာ
အလွမ်းတွေက ခါးသက်ခဲ့ပေမယ့်
သတိရခြင်းတေးကို သီဆိုလို့
ပန်းတိုင်ရောက်ဖို့အရေး
ခရီးဝေးကို ပျံသန်းရဦးမယ်။

Filed under: ကဗျာ, ခံစားချက်, သို့..., တွေးမိတွေးရာ | 3 Comments »

ထာဝရ အတူတကွ

Posted on August 19, 2009 by ၀င်းဇော်နိုင်

Together, Forever.. Walking together
Loving each other so effortlessly.
Sharing and caring, We're closest of friends.
Always together – Our love never ends.
Together, Forever – Our heart are so true.
Together, Forever – Just me and you.
Together, Forever – Let love have its way.
Together, Forever – We're happy each day!
နေ့လည်ထမင်းစားနေတုန်း သူငယ်ချင်းတစ်ယောက်က သူ့ဖုန်းထဲမှ Theme အသစ်လေးကိုပြတော့ အထဲက ပုံလေးထဲမှာရေးထားတဲ့စာသားလေးကို သဘောကျပြီး ကဗျာတပုဒ်ရေးလိုက်တယ်… အထဲမှာ [...]

Filed under: ကဗျာ, ခံစားချက်, စပ်မိစပ်ရာ, တွေးမိတွေးရာ | 2 Comments »

ကျောင်းပိတ်ချိန်…

Posted on July 26, 2009 by ၀င်းဇော်နိုင်

သြော်… တစ်နေ့တစ်နေ့၊ တရွေ့ရွေ့နှင့်
နှင်းငွေ့ သိုင်းခြုံ၊ ဆောင်းနှင်းကုန်၍
ခါနွေဘက်သို့ ကူးခဲ့ပြီ။
နွေအဦးမို့၊ လေရူးမြူးပျော်
ဥသြကျော်လျက်၊ ကံကော်တွေလဲ ဖူးခဲ့ပြီ။
ဖူးပုရစ်စီ၊ ကသစ်နီနှင့်
ရာသီအခါ၊ ငုဝါ၀ါတို့
မကွာပျော်လျက်၊ မော်ကြသည်။
ရွှေစင်သော်မော်၊ ကသစ်ပျော်လည်း
စိတ်မောဗျာဝေ၊ သောကပွေသည်
ဒို့တွေ ခွဲခွာရဦးမည်။

ရန်ကုန်တက္ကသိုလ်ထဲမှာ ဘွဲ့လွန်တက်ခဲ့စဉ်တုန်းက အချိန်များကို ပြန်လည်သတိရလျက်….

Filed under: ကဗျာ, အမှတ်တရ | Leave a Comment »

သပြေသီးကောက်

Posted on July 17, 2009 by ၀င်းဇော်နိုင်

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီ တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့ လားကွယ်၊
မြွေနဂါးတောင် မကြောက်ဖူးကွယ်။
တို့လည်းမကြောက်ပေါင် အတူသွားစို့၊
အုန်းလက်နွားလေးထားခဲ့မယ်။
သွားကွယ်၊ သွားကွယ်။
မင်းသုဝဏ်

Filed under: ကဗျာ | Tagged: | 5 Comments »

သုံးရာသီ အလွမ်း….

Posted on July 16, 2009 by ၀င်းဇော်နိုင်

လွမ်းပါတယ်ဆိုမှ
လွမ်းပြီးရင်း လွမ်းအောင် နွေဥသြက တွန်သံပေးတယ်….

လွမ်းပါတယ်ဆိုမှ
လွမ်းပြီးရင်း လွမ်းအောင် မိုးတိမ်တွေက ညို့ပေးတယ်…

လွမ်းပါတယ်ဆိုမှ
လွမ်းပြီးရင်း လွမ်းအောင် ဆောင်းနှင်းတွေက ဝေပေးတယ်…

လွမ်းပါတယ်ဆိုမှ
လွမ်းပြီးရင်း လွမ်းအောင် နင်က ငါ့ကို ပစ်ထားတယ်…

မေကျော် ခံစားရေးဖွဲ့တာကို ထပ်ဆင့် တင်ပြတာပါ…….

Filed under: ကဗျာ | 1 Comment »

ဘယ်မှာလဲ ချစ်သူ…

Posted on April 30, 2009 by ၀င်းဇော်နိုင်

ကောင်းကင်ကို မော့ကြည့်မိတယ်
လပြည့်ဝန်းမှာ မင်းမျက်နှာပါလား
ဟုတ်ရဲ့လားလို့ ငါ့မျက်လုံးတွေကို
ပွတ်သပ်ကြည့်မိတယ်
ယောင်ဝါးဝါး ဖြစ်နေသလားဆိုပြီး။
မြေပြင်ပေါ်ကို ငုံကြည့်မိတယ်
အပြုံးတစ်ပွင့်တွေ့လိုက်ရတယ်
ဟုတ်ပါရဲ့လားဆိုပြီး ငါ့မျက်လုံးတွေကို
ပွတ်သပ်ကြည့်မိတယ်
မှုန်ဝါးဝါး ဖြစ်နေလားဆိုပြီး။
နေရာတိုင်းမှာ မြင်ရတာ မင်းမျက်နှာ
မင်းအပြုံးက အိပ်မက်လိုပဲ
မှုန်ဝါးဝါးလို့သာ ထင်မှတ်ခဲ့တယ်
အိပ်မက်က နိုးတဲ့တစ်နေ့
မင်း ငါ့အနားရှိနေမှာလား ချစ်သူရာ။
ဒီနေ့ ရုံးခန်းသန့်ရှင်းရေးလုပ်တော့ စာရွက်အဟောင်းတရွက်ကိုတွေ့တယ်။ ကဗျာလေးတပုဒ်ပါ။ ရေးထားတော့ အတော်ကြာပီ။ ဘယ်ကနေကူးထားတယ်၊ ကဗျာဆရာ နာမည်လဲ မမှတ်မိတော့ဘူး။ ရေးထားတာကောင်းလို့ပြန်တင်လိုက်တာပါ။

Filed under: ကဗျာ | 6 Comments »



No comments:

Post a Comment