Sunday, November 22, 2009

water falls




Whitehorse Falls
Whitehorse Falls, Umpqua National Forest, Oregon

Tenaya, and Snow Creeks
Junction of Tenaya and Snow Creeks, Yosemite National Park, California

Flow
 




Flow, Yosemite National Park, California

Small Fall?
Small Fall?, Armstrong Redwoods State Reserve, Guerneville, California


Near Hoopii Falls
Near Hoopii Falls, Kauai, Hawaii

Waterfall and Pool 
Waterfall and Pool, Armstrong Redwoods State Reserve, Guerneville, California

Cool Water
Cool Water, Armstrong Redwoods State Reserve, Guerneville, California

Russian River




Rainbow

Russian River Rainbow, Guerneville, California

Multnomah Falls

Multnomah Falls, Columbia River Gorge, Oregon

Fife Creek
Fife Creek, Armstrong Redwoods State Reserve, Guerneville, California

Burney Falls
Burney Falls, Burney, California

Russian River Twilight
Russian River Twilight, Guerneville, California

Russian River
Russian River, Guerneville, California












Tuesday, November 3, 2009

Wednesday, October 21, 2009

hello kitty

ဝေဟင်ပေါ်က သံစဉ်

Posted on October 12, 2009 by ၀င်းဇော်နိုင်

ဘ၀က
မြစ်တစ်စင်းလို စီးဆင်းနေပြီး
ဆန္ဒတွေက တိမ်တွေလို
လေနှင်ရာ လွင့်မျောနေခဲ့တယ်။
လွမ်းတိုင်းမျက်ရည်မကျပေမယ့်
သတိရတိုင်း မျက်ရည်ဝိုင်းခဲ့ရတယ်
မတူညီတဲ့ သံယောဇဉ်နှစ်ခုကြားမှာ
အလွမ်းတွေက ခါးသက်ခဲ့ပေမယ့်
သတိရခြင်းတေးကို သီဆိုလို့
ပန်းတိုင်ရောက်ဖို့အရေး
ခရီးဝေးကို ပျံသန်းရဦးမယ်။

Filed under: ကဗျာ, ခံစားချက်, သို့..., တွေးမိတွေးရာ | 3 Comments »

ထာဝရ အတူတကွ

Posted on August 19, 2009 by ၀င်းဇော်နိုင်

Together, Forever.. Walking together
Loving each other so effortlessly.
Sharing and caring, We're closest of friends.
Always together – Our love never ends.
Together, Forever – Our heart are so true.
Together, Forever – Just me and you.
Together, Forever – Let love have its way.
Together, Forever – We're happy each day!
နေ့လည်ထမင်းစားနေတုန်း သူငယ်ချင်းတစ်ယောက်က သူ့ဖုန်းထဲမှ Theme အသစ်လေးကိုပြတော့ အထဲက ပုံလေးထဲမှာရေးထားတဲ့စာသားလေးကို သဘောကျပြီး ကဗျာတပုဒ်ရေးလိုက်တယ်… အထဲမှာ [...]

Filed under: ကဗျာ, ခံစားချက်, စပ်မိစပ်ရာ, တွေးမိတွေးရာ | 2 Comments »

ကျောင်းပိတ်ချိန်…

Posted on July 26, 2009 by ၀င်းဇော်နိုင်

သြော်… တစ်နေ့တစ်နေ့၊ တရွေ့ရွေ့နှင့်
နှင်းငွေ့ သိုင်းခြုံ၊ ဆောင်းနှင်းကုန်၍
ခါနွေဘက်သို့ ကူးခဲ့ပြီ။
နွေအဦးမို့၊ လေရူးမြူးပျော်
ဥသြကျော်လျက်၊ ကံကော်တွေလဲ ဖူးခဲ့ပြီ။
ဖူးပုရစ်စီ၊ ကသစ်နီနှင့်
ရာသီအခါ၊ ငုဝါ၀ါတို့
မကွာပျော်လျက်၊ မော်ကြသည်။
ရွှေစင်သော်မော်၊ ကသစ်ပျော်လည်း
စိတ်မောဗျာဝေ၊ သောကပွေသည်
ဒို့တွေ ခွဲခွာရဦးမည်။

ရန်ကုန်တက္ကသိုလ်ထဲမှာ ဘွဲ့လွန်တက်ခဲ့စဉ်တုန်းက အချိန်များကို ပြန်လည်သတိရလျက်….

Filed under: ကဗျာ, အမှတ်တရ | Leave a Comment »

သပြေသီးကောက်

Posted on July 17, 2009 by ၀င်းဇော်နိုင်

ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့် ကောက်စို့ကွယ်။
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီ တွယ်တတ်တယ်။
မျှော့နက်ဆိုတာ ချိုနဲ့ လားကွယ်၊
မြွေနဂါးတောင် မကြောက်ဖူးကွယ်။
တို့လည်းမကြောက်ပေါင် အတူသွားစို့၊
အုန်းလက်နွားလေးထားခဲ့မယ်။
သွားကွယ်၊ သွားကွယ်။
မင်းသုဝဏ်

Filed under: ကဗျာ | Tagged: | 5 Comments »

သုံးရာသီ အလွမ်း….

Posted on July 16, 2009 by ၀င်းဇော်နိုင်

လွမ်းပါတယ်ဆိုမှ
လွမ်းပြီးရင်း လွမ်းအောင် နွေဥသြက တွန်သံပေးတယ်….

လွမ်းပါတယ်ဆိုမှ
လွမ်းပြီးရင်း လွမ်းအောင် မိုးတိမ်တွေက ညို့ပေးတယ်…

လွမ်းပါတယ်ဆိုမှ
လွမ်းပြီးရင်း လွမ်းအောင် ဆောင်းနှင်းတွေက ဝေပေးတယ်…

လွမ်းပါတယ်ဆိုမှ
လွမ်းပြီးရင်း လွမ်းအောင် နင်က ငါ့ကို ပစ်ထားတယ်…

မေကျော် ခံစားရေးဖွဲ့တာကို ထပ်ဆင့် တင်ပြတာပါ…….

Filed under: ကဗျာ | 1 Comment »

ဘယ်မှာလဲ ချစ်သူ…

Posted on April 30, 2009 by ၀င်းဇော်နိုင်

ကောင်းကင်ကို မော့ကြည့်မိတယ်
လပြည့်ဝန်းမှာ မင်းမျက်နှာပါလား
ဟုတ်ရဲ့လားလို့ ငါ့မျက်လုံးတွေကို
ပွတ်သပ်ကြည့်မိတယ်
ယောင်ဝါးဝါး ဖြစ်နေသလားဆိုပြီး။
မြေပြင်ပေါ်ကို ငုံကြည့်မိတယ်
အပြုံးတစ်ပွင့်တွေ့လိုက်ရတယ်
ဟုတ်ပါရဲ့လားဆိုပြီး ငါ့မျက်လုံးတွေကို
ပွတ်သပ်ကြည့်မိတယ်
မှုန်ဝါးဝါး ဖြစ်နေလားဆိုပြီး။
နေရာတိုင်းမှာ မြင်ရတာ မင်းမျက်နှာ
မင်းအပြုံးက အိပ်မက်လိုပဲ
မှုန်ဝါးဝါးလို့သာ ထင်မှတ်ခဲ့တယ်
အိပ်မက်က နိုးတဲ့တစ်နေ့
မင်း ငါ့အနားရှိနေမှာလား ချစ်သူရာ။
ဒီနေ့ ရုံးခန်းသန့်ရှင်းရေးလုပ်တော့ စာရွက်အဟောင်းတရွက်ကိုတွေ့တယ်။ ကဗျာလေးတပုဒ်ပါ။ ရေးထားတော့ အတော်ကြာပီ။ ဘယ်ကနေကူးထားတယ်၊ ကဗျာဆရာ နာမည်လဲ မမှတ်မိတော့ဘူး။ ရေးထားတာကောင်းလို့ပြန်တင်လိုက်တာပါ။

Filed under: ကဗျာ | 6 Comments »



Sunday, October 18, 2009

ရယ်စရာ ရည်းစားစာ



" အင်တာနတ်မင်းကြီး " မ " ပါ > > ဒဗလျူ ဒဗလျူ ဒဗလျူဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန်တဲ့ ၊ခက်ပါ့ဟာကျုပ်သိသလောက်တော့
ဒေါ့ဆိုတာ ဒီအိုဂျီ (dog) ခွေး တဲ့၊ပါဠိလိုတော့ "သုနက္ခ" ပေါ့ဟာ ၊ ဒါပေမယ့်
နင်ပေးတဲ့ လိပ်စာက ဒေါ့ကျတော့ အင်္ဂလိပ်လို ဖူးစတော့လို့ခေါ်တဲ့ဟာကြီး ၊ ခက်ပါဘိ
ရွှေမိရယ်… ဘကြီးဘုန်းကြီးရှေ့မှာသာ ဒီလိုဖတ်လို့ကတော့ဟာ
ကျောင်းတိုင်ကိုဖက်ပြီး ကြိမ်နဲ့အနှက် ခံရမှာ သေချာတယ် ။နောက်ပြီး ကွန်
ဆိုတာကပါသေးတယ် ၊ ကျုပ်သိသထားသလောက်ကတော့ ကွန်ဆိုတာ ငါးပစ်ပြီးဖမ်းတဲ့ဟာကြီး ၊
အကုသိုလ် သိပ်များတာပေါ့ဟာ ။ နင်ပြောလို့သာ အဲဒီကွန်ကြီးကို သုံးပြီး
ခေတ်မှီအောင် အင်တာနတ် ကနေ အီးမေးဆိုတာကြီးနဲ့ ရည်းစားစကား ပြောရတယ် လို့ဟာ
၊ကြား မကြားဖူးပါဘူး ၊ နင့်အမေကြီး ဆုတောင်းနေတဲ့ ဟို ဘာလဲ အတွင်း ၃၇မင်း ၊
အပြင် ၃၇မင်း ၊ အရံ ၃၇မင်း ၊၁၁၁ ပါးသောနတ်မင်းတွေထဲမှာတော့ အဲဒီ
အင်တာနတ်မင်းကြီးကို မကြားဖူးပါဘူးဟာ ၊ ကျုပ်အထင်တော့ သူက၃၈ မင်းမြောက်ထင်ပါတယ်
။ ဘာပဲဖြစ်ဖြစ် ရွှေမိ ရယ် …နင့်ကိုသာကျုပ်ချစ်ရမယ် ဆိုလို့ကတော့ဟာ
အင်တာနတ်မကလို့ ဘယ်နတ်မင်းကြီးပဲ ပင့်ရပင့်ရ ကျုပ် ပင့်ပါ့မယ် ရွှေမိရယ်
….အဟုတ်ပြောတာ ။ ။ > > > ကျုပ်အချစ်ဆုံး အကြိုက်ဆုံး ကွယ်လွန်သူ တေးရေးတေးဆို
ဓာတ်ရှင်မင်းသားကြီး တွံတေး သိန်းတန် ရဲ့သီချင်းထဲမှာတော့ " ကျေးမစေ ၊
စာလွှာတွေမပို့ပဲ လမင်းကတစ်ဆင့် ချစ်တဲ့အကြောင်းတွေ ပြောပါမယ် "
လို့ပဲကြားဖူးပါတယ် ရွှေမိရယ် ၊ အဲ…အဲ နင်အသစ်ပြောင်းထားတဲ့ "အင်ဂျလီနာ ညိုမီ"
ရယ်….ကျုပ်ကတော့ နင့်ကိုရွှေမိလို့ပဲခေါ်နေကြမို့ နှုတ်ကျိုးနေပြီဟာ ။ ဒါနဲ့နေပါဦး
ရွှေမိရယ် နင်ပြောတဲ့အဲဒီ အင်တာနတ်မင်းကြီးက အောင်သွယ်တော်လုပ်ပေးတဲ့
အချစ်နတ်မင်းကြီးလားဟ ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်သာကျုပ်ကို
ပြန်ချစ်မယ်ဆိုလို့ကတော့ရိုးရာ ကိုင် ချင်ကိုင်ပါစေဟာ အဲဒီ နင်ပြောတဲ့
အင်တာနတ်မင်းကြီးကိုပဲ "မ" ခိုင်းမယ်ဟာ ၊ တကယ်……တကယ် ။ > > > ရွှေမိရယ်
နင်ကမြို့မှာကျောင်းသွားတတ်တာ အရမ်းပြောင်းလဲလာတယ်နော် ၊ နင်ဝတ်နေကျ လုံချည်နဲ့
နင်ဖြီးနေကျ ဆံပင်က"တို"သွားပြီး နင်စီးနေတဲ့ ဖိနပ်ဒေါက်နဲ့ နင့်လက်သည်းတွေ
"ရှည်"လာတာရော ၊နောက်ပြီးအရင်ကဆို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖတ်တိုင်း စူဠသုဘဒ္ဒါက
ဘယ်လိုလုပ်ပြီး ဆင်စွယ်ကို ပန်နိုင်မှာလဲလို့ ကျုပ်စဉ်းစားမိတယ် သိလား ၊
အခုတော့ နင့်နားမှာ အမျိုးမျိုးပြောင်းနေတဲ့ နားဆွဲတွေကိုမြင်ပြီး
ကျုပ်ယုံသွားပါပြီ ရွှေမိရယ် ။ ပြီးတော့ နင်ကမျက်နှာဖြူစကားတွေလည်း
တော်တော်ပြောတတ်လာတယ်နော် ၊ နင်ပြောပြောနေတဲ့ ဘာလဲဟို….၀က်ဆိုဒ် ဆိုလား
ဝက်ဆိုင်ဆိုလားဟာ အေး အဲဒီဟာကြီးက နင်တော်တော်ကြိုက်တယ် ထင်တယ် ၊
ကျုပ်သိတာကတော့ ရွာဈေးက ကိုဖိုးသောင်း ၀က်ဆိုင်ပဲ သိတယ် ၊ ဘာပဲဖြစ်ဖြစ်
ရွှေမိရယ် နင်ကြိုက်ရင် ဘယ်လောက်ပဲ ဈေးကြီးကြီး ကျုပ်ဝယ်ကျွေးပါ့မယ်ဟာ ။ > > >
ပြီးတော့ ကျန်ပါသေးတယ် ဘာတဲ့ အော် ဒေါင်းလုပ်ဆိုလား ဒေါင်းရုပ်ဆိုလားဟာ ၊
နင်ကြိုက်တယ်ဆိုရင် ဈေးကြီးစမ်းပါစေဟာ ကျုပ်ဝယ်ပြီးလက်ဆောင်ပေးပါ့မယ်ဟာ ။
ဒါနဲ့နေစမ်းပါဦး အဲဒီအရုပ်က တို့ ဖိုးဝရုပ်ထက်လှလားဟ ၊ အေးပါ လှလှ မလှလှ
နင်ကြိုက်ရင် ကျုပ်လည်းကြိုက်တယ် ၊ နင်ပြောရင်ကျုပ်နားထောင်မယ် ၊ နင်ယုံတဲ့အဲဒီ
အင်တာနတ်မင်းကြီးကို ကျူပ်လည်းယုံပါတယ်ဟာ ။ နောက်ပြီး နင်ပြောပြောနေတဲ့
ဟိုကမ္ဘာကြီးက ပူနွေးလာပြီဆိုလားပဲ ၊ ဟုတ်တယ် ကျုပ်ထင်ပါတယ် ၊ ဘာလိုလဲဆိုတော့
နင်ဝတ်တဲ့ အင်္ကျီတွေ စကဒ်တွေကို ကြည့်ပြီးကျုပ်တို့ရွာလေးတောင်
တော်တော်ပူနေမှန်းသိလိုက်ရတယ် ။ ဒါ့ကြောင့် ကျုပ်လည်းဒီနေ့ကစပြီး
နင်ဝတ်သလိုမျိုးစွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကြိုက်ပြီးတော့ပဲ နေတော့မယ်ဟာ
။ ကျုပ်ကစကဒ်မှဝတ်လို့ မရတာ ၊ ဒီတော့လဲအဆင်ပြေသလို လုပ်ရတာပေါ့ဟာ ။
ဘာပဲဖြစ်ဖြစ် ကျုပ်ကိုနင် ပြန်ချစ်ရင်ပြီးတာပါပဲ ရွှေမိရာ….။ > > >
ဘကြီးဘုန်းကြီး ကတော့ပြောပါတယ် ရွှေမိရယ် ၊ က္ကတ္တိဝင်္က နဒီဝင်္က တဲ့ မိန်းမနဲ့
မြစ်တို့သည် ကောက်ကွေ့သောသဘောရှိသည် "တဲ့ ၊ နင့်ဆံပင်လိုပေါ့ရွှေမိရယ်။
ဒါပေမယ့်ရွှေမိရယ် ဘကြီးဘုန်းကြီးက ဘကြီးဘုန်းကြီးပါဟာ ၊ ကျုပ်ကပုထုဇဉ်လေ
ဘကြီးဘုန်းကြီးမှ မဟုတ်တာ နော့် ။ "ပုထုဇန္နော ဥမ္မာတကော" တဲ့ ရွှေမိရဲ့
ပုထုဇဉ်ဆိုတာ အရူးလို့ တို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်လေ ။
ကျုပ်လည်း နင့်ကိုချစ်မိတော့ ရူးနေပြီပေါ့ ရွှေမိရယ် ။ ဘကြီးဘုန်းကြီး
ကတော့ဘယ်သိပါ့မလဲ သူက လောကုတ္တရာသမားကိုး ၊ ကျုပ်တို့ကလောကီသား ၊အဲဒီတော့လည်း
နင့်ကိုကျုပ်က ချစ်ရတာပေါ့ ရွှေမိရယ် ၊ ဘကြီးဘုန်းကြီးကတော့ ပြောပါတယ်
"ဒကာလေးကအပူ ရှာနေတာကိုး "တဲ့ ၊ ကျုပ်ကလည်း"တပည့်တော်
စွပ်ကျယ်ဝတ်ထားပါတယ်ဘုရား"လို့ မပြောတော့ပါဘူး ရွှေမိရယ်
သူကတရားသဘောနဲ့ပဲမြင်တာကိုး ၊ ကျုပ်ကတော့ "ပိယေဟိ ၀ိပ္ပယောဂေါဒုက္ခော"ဆိုတဲ့
ချစ်သူနဲ့ကွေကွင်းရခြင်း ဒုက္ခ ကိုမခံစားနိုင်ဘူုးဗျ ၊ အဲဒါကြောင့် နင့်ကို
ချစ်ရတာပါ ရွှေမိရယ်….။ > > > ကျုပ်က နင့်ရဲ့အဇ္ဇတ္တကိုလည်းချစ်တယ် ၊ ဗဟိဒ္ဒ
ကိုလည်းချစ်တယ် ၊ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် စိတ် ဆိုတဲ့
အာရုံခြောက်ပါးလုံးနဲ့ ချစ်တယ်ဟာ ။ ရှင်းရှင်းပြောရရင် နင်နဲ့ကျုပ်နဲ့ က ဓမ္မာ
၊သောက ၊အင်းဝ၊ရာဇာ ပဲဖြစ်နေပါစေ ကျုပ်ကချစ်တယ်ဟာ ၊ ကိန္နရီ ကိန္နရာ မောင်နှံဟာ
တစ်ညတာဝေးတာကို နှစ်ပေါင်းခုနှစ်ရာ ၇၀၀ ဆွေး လို့မပြေဘူးတဲ့ ၊
ကျုပ်ကလည်းနင့်ကို သူတို့ထက်မလျော့အောင်ချစ်ပြမှာပါဟာ ။ တကယ်ပါ ရွှေမိရယ်
"လူတွေဟာ ချစ်သူရဲ့ အသံကိုကြားရတဲ့နေရာမှာ တင်းတိမ်မှု့မရှိနိုင်ဘူး "တဲ့ ၊
ကျုပ်လဲနင့်အသံလေးကိုပဲ အမြဲကြားချင်နေတာပါ ။ နင်ကကျုပ်အတွက်တော့ ဓာတုကလျာ ၊
ရှင်နှောင်း ၊ ရခိုင်မင်းသမီး ၊ ဒိုင်းခင်ခင် ၊ ၀ဏ္ဏပဘာ ပါပဲဟာ ၊
ကျုပ်ကနင့်အတွက်ဆို " ကောင်းကင်တမွတ် ကြယ်ကိုဆွတ် " မယ့်သူပါဟာ ။ တကယ်ပါ ရွှေမိ
ကျုပ်ကနင့်ရဲ့ ပထ၀ီတစ်လုံး အာကာတစ်လုံး ဖြစ်နေတဲ့ မျက်လုံးလေးကစပြီး
ကြေးညိုရောင် ခြေဖျားလေးအထိ ချစ်ပါတယ် ရွှေမိရယ် ။ ဒါပေမယ့် ရွှေမိရယ်
ကျုပ်ကနင့်ကိုချစ်တဲ့ အထဲမှာလေ ဘာလောဘမှ မပါပါဘူးဟာ ။ > > >
ဆယ်တန်းတင်မကပထမနှစ်မှာပါ စာကျေအောင်ဆိုပြီး ၃နှစ်ဆီနေခဲ့တဲ့
နင့်ရဲ့ပညာရေးဂုဏ်ကို လည်း ကျုပ်မမက်ပါဘူး ရွှေမိ ။ ပြီးတော့ ဟိုးအရင်ဘ၀က
ဘုန်းကြီးကျောင်းသူများရဲ့ ခေါင်းလောင်းအလှူပွဲမှာ ထမင်းစားကောင်း အောင် သာဓု
ဝင်ခေါ်ခဲ့တဲ့ဆုလို့ ထင်ရလောက်အောင် အသံကောင်းတဲ့နင့်အမေ ၊ စကားတစ်ခွန်းကို
အရပ်ဆယ် မျက်နှာက ခုနှစ်အိမ်စေ့ ကြားနိုင်အောင် ပြောနိုင်တဲ့သူ ၊ အရင်ဘ၀က
ရေဒီယိုလှူခဲ့ဖူးသလား မှတ်ရအောင် သတင်း၊အတင်း စုံတဲ့မှတ်ဥာဏ်နဲ့ နင့်အမေ ၊
လဆန်းနဲ့ လလယ် ရောက်တိုင်း ကန်တော့ပွဲထဲ ဘောက်ချာထိုးပြီး အတွင်း ၃၇မင်း ၊အပြင်
၃၇မင်း ၊အရံ ၃၇မင်း ၁၁၁ပါးသောနတ်မင်းတွေနဲ့ ဘိုးတော်အပေါင်းကို ရန်မဖြစ်ဖြစ်
အောင် ထမင်းတစ်ဝိုင်းတည်းပြင်ပြီး ဖိတ်ကျွေးတတ်တဲ့ နင့်အမေ ၊
ဈးထိပ်နားကညောင်ပင်အောက်မှာ သူ့ဘာသာသူ တစ်ယောက်တည်း နေတတ်တဲ့ အရူးမကြီးကို
ဒီနေ့ဘာကောင်းလဲလို့ တစ်နေ့နှစ်ခါမေးပြီး ဂရုစိုက်တတ်တဲ့ နင့်အမေရဲ့ စေတနာ ၊
မေတ္တာ ၊ ဂုဏ်သတင်းတွေ ကိုမက်လို့လည်း နင့်ကိုကျုပ်ချစ်ခဲ့တာ မဟုတ်ပါဘူး
ရွှေမိရယ် ။ > > > သေသွားတာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ သင်တုန်းဓားလောက်ပဲ
ကိုင်ဖူးတဲ့ ရွာထိပ်က ကိုရင်ကြီး လူထွက် ဦးပြောင်ကြီးဆီမှာ အရက်တစ်လုံးကို
တစ်ယောက်တစ်ဝက်သောက် ၊ ကိုယ့်ဘာသာကို ဆရာတင် ၊ ကိုယ့်ဘာသာကို တပည့်လုပ်ပြီး
တစ်ညနေတိတိ ပညာဆည်းပူးလာတဲ့ ဆံပင်ညှပ်သမား ညည်းအဖေ ၊ တစ်ရွာ လုံးကယောကျာင်္းတွေ
သူ့လက်အောက်ကထွက်တာပါလို့ မကြာမကြာ မူးတိုင်းပြော ၊ ဆံပင်သာကုန်စေ ရမယ်
ပညာမကုန်စေရဘူးဆိုတဲ့ ရှေ့တစ်လက်မနောက်ပြောင်ပုံစံကို မူပိုင်ခွင့်ယူထားတဲ့
ညည်းအဖေ ဦးကတုံး ၊ အဲအဲ ညည်းအခေါ်ကတော့ ရန်ကုန်မှာ တိုနီထွန်းထွန်း ၊
တို့ရွာမှာတော့ တိုနီကတုံး ၊ ကိုရီးယားကတောင် လာငှားရဆိုတဲ့
ဟဲယားဒီဇိုင်းနာဆိုတာကြီးပေါ့ ၊ အေး နင့်ကိုကျုပ် ချစ်တာ က လည်း နင့်အဖေကြီးရဲ့
အဲဒီ လ္ဘက်ရည်ဖိုး သာသာ ၀င်ငွေကိုမက်မောလို့ မဟုတ်ပါဘူး ရွှေမိရယ် ။ > > >
နောက်ပြီး နင့်အစ်ကို ၊ တစ်ရပ်ကွက်လုံးက သတ်မှတ်ထားကြတဲ့ သင်္ဘောသား ၊ သင်္ဘောနဲ့
ပတ်သတ် လို့ကတော့ နိုင်ငံခြားသင်္ဘော ၊ ပြည်တွင်းသင်္ဘော ကိုထားဦး
လှေရဲ့လှော်တက်မပြောနဲ့ ရေတောင် ကိုယ့်ကိုယ်ကို မသေအောင်တောင် မကူးတတ်တဲ့
နင့်အစ်ကို ၊ သဘောင်္ပင်ရဲ့အသားလို အစိုလည်းသုံးမရ ၊ အခြောက်လည်း အသုံးမ၀င်လို့
ခေါ်ရတဲ့သင်္ဘောသား ၊ ချဉ်ဖတ်ရောင်းတဲ့ဆိုင်မှာတောင် ၀ယ်လို့မရတဲ့ ရှားရှား ပါးပါး
ရပ်ကွက် ချဉ်ဖတ်ကြီး ၊ ရှစ်တန်းမှာ နှစ်ခါကျပြီး ကျောင်းခေါ်ကြိမ်စာအုပ်က
သူ့နာမည်ကို ယမကာ ဆိုင် အကြွေးစာရင်းမှာပြောင်းရေး ၊
သူ့လက်ကအနုပညာသည်လက်ဆိုပြီး ဘာအလုပ်မှ လက်ကြောတင်း အောင် မလုပ်ပဲ
သင်္ဘောသားဖြစ်နေတဲ့ နင့်အစ်ကိုရဲ့ ဂုဏ်အရှိန်အ၀ါတွေကို မက်မောပြီး
ကျုပ်ကနင့်ကိုချစ်ခဲ့တာ မဟုတ်ရပါဘူး ရွှေမိရယ် ။ > > >
ဟောဒီရင်ဘတ်ကြီးထဲကဘုံးဘုံး( ရင်ဘတ်ပုတ်သံ ) မိ…မိ….မိ…မိ…မိ…မိ… လို့အော်နေတဲ့
ငါ့နှလုံးသား ကြောင့်ပါဟာ ၊ လုံးကြီးတင်ကို ၀တ်ဆံခတ်
ဝစ္စနှစ်လုံးပေါက်ထည့်ပြီးတော့ တော့မဖတ်လိုက်ပါနဲ့ ရွှေမီး ရယ် ဟယ်ဟုတ်ပါဘူး
ရွှေမိ ရယ်……… ။ > > > ကျုပ်ကနင်ပြောပြောနေတဲ့
ဆော့ဖ်ဝဲဆိုလားဘာဝဲဆိုလားအဲဒီဝဲဆေးဖော်ရောင်းပြီး အရမ်းချမ်းသာ နေတဲ့
အမေရိကန်ဆိုတဲ့ တိုင်းပြည်က ဇောတိကကြီး ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို ချမ်းသာမှ
ပြန်ချစ်မှာလား ရွှေမိ ရယ် ၊ " တူနှစ်ကိုယ် တဲအိုပျက်မှာနေရ "ဆိုတဲ့သီချင်းကို
နင်က မြို့ပေါ်က ရက် သီချင်းတွေလောက်မကြိုက်ပေမယ့် ကျုပ်ကတော့ လက်ခံတယ် ရွှေမိ
လက်ခံတယ် ၊ နင်က ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဗြိတိသျှဘောလုံးသမားပုံပါတဲ့
အင်္ကျီလက်ပြတ်ကိုဝတ် ရွာရိုးကိုးပေါက် လျှောက်ပြီး စိတ်ကူးပဲယဉ်နေတော့မှာလား
ရွှေမိရယ် ။ နင့်ကိုကျုပ်ပြောဖူးပါတယ် "အပုပ်ကောင်ရုပ်ဆောင်နေကြတာပါ"လို့ ၊
လောကဓံရှစ်ပါးကို နင်ပြောတဲ့ ၀ဲဆေးဆရာ ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ ဟိုဘောသမားရော
ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်ရော ကြုံရမှာပဲရွှေမိ ၊ အေးအဲဒီလိုပဲ နင်လည်း
လောကဓံရှစ်ပါးကိုကြုံရတဲ့အခါ နင့်ဘေးမှာကျုပ်ရှိနေချင်တယ်ဟာ ။ > > > ကိုင်း
အဲဒီတော့ ဆိုင်ရာပိုင်ရာများနဲ့ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း ၊ အရံ ၃၇ မင်း
၁၁၁ပါးသော မင်း တွေရဲ့ နောက် ကမ္ဘာ့ရွာကြီးကို အပိုင်စားရတော်မူသော ၁၁၂
မင်းမြောက် အင်တာနတ် မင်းကြီးခင်ဗျား တပည့်တော်ရဲ့ နှလုံးသား ၀က်ဆိုင်က (
Website ) ဒီရည်းစားစာ ကို ရွှေမိ ဒေါင်းရုပ် ( download ) လုပ်ပါစေလို့
ဆုတောင်းရင်း ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန်
ဆိုတဲ့ လိပ်စာကို ခေတ်မှီအောင် အမြန်ချော နဲ့ ကမ္ဘာ့ရွာတောင်ပိုင်းနေ
ဘုန်းကြီးကျောင်းသား ကိုရင်ညိန်းမှ ကမ္ဘာ့ရွာတောင်ပိုင်းမှာပဲ နေတဲ့
ဘုန်းကြီးကျောင်းရဲ့ နှစ်အိမ်ကျော်က အင်ဂျလီနာညိုမီ့ ထံ ပေးပို့လိုက်ရပါတယ် ။ >
> နင့်ကိုခေတ်မှီအောင် ချစ်ချင်တဲ့ ကိုရင်ညိန်း ( ကမ္ဘာ့ရွာတောင်ပိုင်း

ဘုန်းကြီးကျောင်း )

ရယ်စရာဟာသလေးများ ၃



တစ်ချက်ပြုံးရင် တစ်ရက်အသက်ရည်တယ်တဲ့ .....

တစ်ခါတုန်းက တောရွာတစ်ရွာမှာနေထိုင်တဲ့ လူကြီးတစ်ဦးက
မြို့မှာနေတဲ့သူရဲ့သားဆီကိုအလည်အပတ်သွားပါသတဲ့၊
သူသွားရာမှာ ဘဲအရှင်တစ်ကောင်ကိုလည်းယူဆောင်သွားပါတယ်။
မြို့ရောက်တော့ ဘဲတစ်ကောင်ကိုင်ပြီး လျှောက်သွားနေတဲ့သူ့ကို မြို့ကလူတွေ
လိုက်ကြည့်တာကိုခံရတော့
စိတ်ညစ်ညစ်နဲ့ ဘဲကိုလူမမြင်အောင် ဘောင်းဘီထဲထည့်တားလိုက်ပါရော၊
ပြီးတော့ ဘဲအသက်ရှုနိုင်ဖို့ ဘောင်းဘီကို ကြယ်သီးသာတတ်ပြီး
ဇစ်ကိုဆွဲမတင်ထားတော့ပဲ ဟထားလိုက်ပါသတဲ့ ၊
ကားမှတ်တိုင်မှာ ကားစောင့်နေခိုက်မှာ သူနဲ့သက်တူရွယ်တူ
မိန်းမကြီးတစ်ယောက်က သူ့ရဲ့ဘောင်းဘီဇစ်အဟကို
သေသေချာချာ စိုက်ကြည့်နေတာကိုတွေ့တော့ သူတော်တော်စိတ်ဆိုးသွားပြီး မေးလိုက်တယ်
"ခင်ဗျားက ဘာကြည့်နေတာလဲဗျ ကြည့်နေတာ မမြင်ဘူးတာကြနေတာပဲ"
အဲဒီမိန်းမကလည်း ခပ်ဆတ်ဆတ်ပဲ ပြန်ဖြေလိုက်တာကတော့
"မမြင်ဘူးလို့ ကြည့်တာမဟုတ်ဘူး၊ ဒီလိုပေကလပ် ပေကလပ် လုပ်ပြနေတဲ့ဟာကိုတော့
ခုမှမြင်ဘူးလို့ သေသေချာချာကိုကြည့်သွားတာ"

........................................................................................

မြို့ပေါ်က စက်ဘီးအရောင်းဆိုင် တစ်ဆိုင်က တောရွာလေးတစ်ရွာကို
စက်ဘီးအရောင်းမြှင့်တင်ရေး သွားပါရော၊
အရောင်းစာရေးတစ်ယောက်က ရွာကနွားမွေးထားတဲ့ အဘိုးအိုတစ်ဦးကို
စက်ဘီးကောင်းကြောင်း ရှင်းပြပြီး တစ်စီးဝယ်ဖို့ တိုက်တွန်းလိုက်ပါတယ်၊
" မ၀ယ်တော့ပါဘူးကွာ စက်ဘီးက နွားတွေလောက် ကောင်းမှာမဟုတ်ပါဘူး"
" ဟာ အဘကလည်း စက်ဘီးက နွားပြေးတာကိုလောက်တော့ အသာလေးပဲ
ကျော်တက်သွားနိုင်တာပေါ့၊ မယုံရင်
တစ်စီးလောက် ၀ယ်စီးကြည့်ပါလား အဘရာ၊ စက်ဘီးကောင်းတာ အဘလက်ခံသွားမှပါ။"
" ဟိတ်ကောင် မင်း စက်ဘီးကို နွားနို့ရအောင် အရင်ညှစ်ပြ ရရင်ငါဝယ်မယ် ဒါပဲ "

.............................................................................................

ရေပြင်တစ်နေရာရှိ သင်္ဘောတစ်စင်းတွင် သင်္ဘောသားနှင့် ကက်ပတိန် ၂
ယောက်သာရှိသည်။ ၂ ယောက်တည်းရှိသောကြောင့် သင်္ဘော၏ တစ်နေ့တာဖြစ်စဉ်များကို
မှတ်တမ်းရေးရန် တစ်ယောက်တစ်လှည့်တာဝန်ယူရသည်။
ကက်ပတိန်အလှည့်တွင် သင်္ဘောသားအရက်မူးနေသောကြောင့် "ယနေ့
သင်္ဘောသားအရက်မူးသည်" ဟုရေးလိုက်သည်။
သင်္ဘောသားအမူးပြေသောအခါ ကျနော်အရက်တစ်ခါပဲ သောက်မိသောကြောင့်
အရက်သမားအဖြစ်မခံနိုင်ပါ။ ထိုမှတ်ချက်ကိုပြန်ဖျက်ပေးပါ ဟုပြောသောအခါ
ကက်ပတိန်က အမှန်ကိုအမှန်အတိုင်းရေးတာကွ ဟုဆိုကာ မဖျက်ပေးဘဲနေသည်။
သင်္ဘောသားစိတ်ဆိုးပြီး မှတ်ထားသည်။ နောက်နေ့ သင်္ဘောသားအလှည့်ကျသောအခါ
အမှန်အတိုင်းဤသို့ရေးလိုက်သည်။
"ယနေ့ကက်ပတိန် အရက်မမူးပါ။"

..................................................................................................

ဤသို့ ပြောနေသံကို တစ်နေရာတွင် ကြားခဲ့ရသည် ။
*"ငါသေတဲ့အခါမှာ ငါ့အဘိုးလိုပဲ အိပ်ပျော်နေတုန်း ငြိမ်းငြိမ်းချမ်းချမ်း
သေသွားချင်တယ်ကွာ၊ သူ့ကားထဲက ခရီးသည်တွေလိုတော့ စူးစူးဝါးဝါး
ငယ်သံပါအောင် အော်ဟစ်ပြီး မသေချင်ဘူး"

...

ပါမောက္ခ က ကျောင်းသားအား နောက်ဆုံး စာမေးပွဲအတွက် လူတွေ့ စစ်မေးနေသည်။
" ရွှေ နဲ့ အသိဥာဏ် နှစ်ခုယှဉ်လာရင် မင်းဘာကို ရွေးချယ် မလဲ "
" ရွှေကို ယူမှာပေါ့ "
" ဆရာကတော့ အသိဥာဏ်ကို ယူမယ် ၊ ဘာကြောင့်လဲ သိလား "
" သိပါတယ် ၊ မိမိမှာ မပြည့်စုံတာကို ယူချင်ကြတာဟာ လူ့သဘာဝပဲ ဥစ္စာ "

...

ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို
ကြည့်ကာ အိမ်တွင် တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..

ယောကျာ်း ။ ။"မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ
စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ လုံလောက်နေပြီ"

မိန်းမ။ ။ကောင်းပြီ ရှင်ကို သတင်းကောင်းနဲ့ အရင်ပြောမယ်၊ ကျွန်မတို့ဆီမှာ
ကလေးငါးယောက် ရှိတယ်နော်။
အဲ - လေးယောက်ဟာ ဒီနေ့မှာ ခြေထောက်ရော လက်ရော မကျိုးဘူး"

...

အောက်ကဟာသလေး၂ခုကတော့ E-mail ထဲကိုရောက်လာတဲ့ မေးလ်လေးထဲက ဟာသလေးတွေပါ..
မူရင်းရေးသားသူကို မသိပါဘူး။ အားလုံးမဟုတ်ရင်တောင်မှ အနည်းအကျဉ်းတော့
ပြုံးရယ်နိုင်မယ်ထင်လို့ တင်ပေးလိုက်တာပါ..

၁။ "ကလေးတွေကြောင့် မဟုတ်ပါ…."

တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊
ဆရာဆရာမ မလုံလောက်၊ စာသင် အထောက်အကူ ပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။
ပညာရေးဝန်ကြီး တစ်ဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို
ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက
ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။
ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှ ကမ္ဘာလုံးတလုံး
တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။
ဒါကြောင့် ကျောင်းသား တယောက်ကို

"ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ
တိမ်းစောင်းနေရတာလဲကွ" ဆိုပြီး မေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ "ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး"
ပြန်ဖြေလိုက်ပါတယ်။

ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။
ဒါနဲ့ နောက်နားက ကျောင်းသား တစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း
ခေါင်းကလေးခါပြီး "ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။
ကျနော်လုပ်တာ မဟုတ်ဘူး" လို့ပြန်ဖြေတယ်။

ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့်
အနားက ကျောင်းဆရာမ ဖက်လှည့်ပြီး "ဒါဘယ်လို ဖြစ်ရတာလဲဗျ" လို့မေးလိုက်တယ်။
ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ "ဒါ ကလေးတွေ
လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲ
စောင်းနေတာပါ" တဲ့

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက်
လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း
မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ..
"၀န်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင်
ကျနော်တို့ ကျောင်းကရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့
လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ" တဲ့ဗျာ...

၂။ နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲ

တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က
စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောကို
မေးလိုက်ပါတယ်။

"နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ"

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး… "ကျ
ကျနော် မသတ်ဘူး" တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး
အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း
ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က
ကာကွယ်ပြီး ပြောလိုက်တာက-

"ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေ
အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့
မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်" တဲ့။

စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး
ပြန်သွားပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ
စာသင်လိုက်သတဲ့။ ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

"နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ
လုပ်မနေပါနဲ့" တော့တဲ့ဗျာ။




ရယ်စရာ ဗေဒင်



တနင်္ဂနွေ
ဒီနှစ်သည် တနင်္ဂနွေ သားသမီးများအတွက် အထူးကံကောင်းသောနှစ် ဖြစ်သည်။
ခြေတစ်လှမ်း ကုဋေတစ်သန်း ဆိုသည့်အတိုင်း ခြေတစ်လှမ်းလှမ်းတိုင်း
ကုဋေတစ်သန်း ကောက်ရမည်။ စန်းအလွန်ပွင့်၍ ဆော်အရမ်းကြည်ပြီး
ဝိုင်းဝိုင်းလည်နေမည်။ သို့သော် စိုးမိုးကျော်မဟုတ်ပေ။
ရုပ်ဖြောင့်သလောက် ဆော်ကြည်မည်။
ယတြာ...အရာရာတွင်ပေါက်ပေါက်မြောက်မြောက်ရှိစေ၇န်-
ပူဖောင်းတစ်လုံးအားမျက်နှာနှင့်အပ်ပြီး.အပ်နှင့်ထိုးဖောက်ပါ..။

တနင်္လာ
တနင်္လာသားတို့အတွက် ကံကောင်းသည်ဟု ပြော၍မရသော်လည်း ကံကောင်းနေမည်။
လမ်းလျောက်လျှင် ဖိနပ်စီး၍ မိုးရွာပါက ထီးဆောင်းပါ။ အိမ်ထောင်ကျပြီး
အမျိုးသားဖြစ်ပါက မိန်းမရှိမည်။ အမျိုးသမီးဖြစ်ပါက ယောက်ျားရှိမည်။
အကျိုးပေးသော အရောင်များမှာ- နီ၊ စိမ်း၊ ၀ါ၊ ပြာ၊ မဲနယ်၊ လိမ္မော်၊ ခရမ်း၊
အနက်၊ အဖြူ၊ မီးခိုး၊ အညို တို့ဖြစ်သည်။
ယတြာ..ကိုယ့်အပေါ်မသကာင်္မှုများ၊အထင်လွဲမှုများကင်းဝေးစေရန်-လိုင်းကားတစ်စီးပေါ်တက်စီးပြီး၊ကားခမပေးပဲ
မသိချင်ယောင်ဆောင်နေပါ။

အင်္ဂါ
ကံအလွန်ကောင်းမည်။ ရေသောက်လျှင် သေးပေါက်ပြီး ရေမသောက်ပါက ရေဆာမည်။
သို့သော် ထမင်းမစားပါက ဗိုက်ဆာမည်။ ဗိုက်ဆာလာပါက ထမင်းစားပါ။ ထမင်းစားရန်
ထမင်း၊ ဟင်း သို့မဟုတ် ပိုက်ဆံမရှိပါက ရေသောက်၍ ဗိုက်မှောက်အိမ်ပါ။
သို့သော် အိပ်ရန် ခေါင်းအုန်းတစ်လုံး ရှိသင့်သည်။
ယတြာ...ငွေဝင်လာဘ်သစ်ပွင့်စေရန်-သုံးရက်မျှသာသိကျွမ်းသေးသောမိတ်ဆွေတစ်ဦးအား..ကြုံလျှင်ပြန်ဆပ်မည်ဟု
ပြောပြီး..ငွေငါးသောင်းမရရအောင်ချေးပါ.။

ဗုဒ္ဒဟူး
ကျန်းမာရေးအတွက် ရေကိုကျိုချက် သောက်သုံးသင့်သည်။ ရေမကျိုနိုင်ပါက ရေသန့်
ဝယ်သောက်ပါ။ ရေသန့်ဝယ်ရန်ပိုက်ဆံမရှိပါက လ္ဘက်ရည်ဆိုင်မှ ရေနွေကြမ်း
တောင်းသောက်ပါ။ လူကြီးဖြစ်ပါက အသက်ကြီး၍ လူငယ်ဖြစ်ပါက အသက်ငယ်မည်။
ရာထူးတိုးရန် ကိုယ့်အထက်လူကြီးများကို တုတ်နှင့်ရိုက်ပါ။
ယတြာ....အရာရာဘေးကင်းစေရန်-
ကားရှုပ်နေသာလမ်းလယ်ကောင်တွင်ပိတ်ရပ်ပြီး...ဟွန်းတီးသောကားအားပိတ်ဆဲပစ်ပါ..။

ကြာသာပတေး
ဒီနှစ်သည် ကြာသာပတေး သားသမီးများအတွက် ၂ နာရီခွဲလောက် မတ်တက်ရပ်နေပါက
ညောင်းလာမည်။ ပြေးနေပါက မောမည်။ အလေးသူငယ်များအဖို့ အိမ်ရေ့ဝရန်တာမှ
ခုန်ချတိုင်း ကစားသင့်သည်။ အလောင်းကစား အကျိုးမပေး သော်လည်း
မောင်းလောင်းက အောင်မည်။
ယတြာ....အချစ်ရေးတွင်ကံကာင်းမှုရှိစေ၇န်-မိမိတစ်ဖက်သတ်ချစ်နေသောချစ်သူရှေ.တွင်ပိတ်ရပ်ပြီး..
"နင်.ကိုငါ့လိုလူမျိုးကချစ်တာကံကောင်းတယ်မှတ်၊ပြန်မချစ်တာကတော.နင့်ထိုက်နဲ.နင့်ကံ"
ဟုသက်စေ့ပြောပါ။

သောကြာ
အလောင်းကစား လွန်စွာအကျိုးပေးမည်။ သို့သော် ထီမထိုးသင့် ချဲများများထိုးသင့်သည်။
အကျိုးပေးဂဏန်းများမှာ- 9,6,3,2,5,1,4,7,8,0 တို့ဖြစ်သည်။ နှစ်လုံး၊
သုံးလုံးများများထိုးပါ မပေါက်ပါက ပိုက်ဆံမရပေ။
ယတြာ...ရန်အနှောက်အယှက်၊အတိုက်အခံများမှကင်းဝေးစေရန်-လူစိမ်းတစ်ဦးအားပခုံးချင်းဝင်တိုက်ပြီး
လူတစ်ယောက်လုံးကိုမမြင်ရအောင်နမော်နမဲ.နိုင်၇သလား...ဟုပိတ်ကောပစ်ပါ....။

စနေ
စနေသားသမီးတို့ အတွက် ကံကောင်းသည်ဟု ပြော၍မရသော်လည်း
ကံကောင်းနေမည်။ရေချိုးပါကဆပ်ပြာတိုက်ပါ။ သခွားသီးသုံးလုံးကို
အစိမ်းလိုက်စားပါက
ဗိုက်ပြည့်မည် လေထိုးမည်။ ဗိုက်ဆာသလောက်ထမင်းစားရမည်။
ယတြာ...စိတ်ဖိစီးမှု၊ကြောက်ရွံထိတ်လန်.မှုများမှကင်းဝေးစေရန်-သချိုင်းကုန်းတစ်ခုမှလူရိုးတစ်ခုအားယူပြီး.
မိမိဘေးတွင်[7]ညထားအိပ်ပါ....။



ဟာသ အတိုအစ အဖာတစ်ရာ များ

ဟာသအတိုစုလေးများ..................................

(နှစ်ဦးသဘောတူ)
မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။ မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။
မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။
ကဲ...မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။
မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်....
အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး ........သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်....


(ခိုင်းနည်းသစ်)
ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။
သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက......
`ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´
မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။

(လက်ထပ်လျင်)
အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောင်္ကျားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။
ပထမမိန်းမ။ ။ငါယူတဲ့ယောင်္ကျားကချမ်းသာတဲ့သူဖြစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို..........ဒါဆို နင်ကယောင်္ကျား ၃ ယောက်တောင်ယူမှာလား

(ကြိုက်နေလို့ပါ)
ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို တရားသူကြီးကမေးသည်..။
"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
"ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ "ဟုတရားသူကြီးကထပ်မေးသည်..။
"သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း "
"တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။"

(နောင်တ)
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။


ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..

ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ


ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

(မထူးပါဘူး)
လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့် လူကြီးတစ်ဦးက...
`ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး´
ဟာ...အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ...
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.

(ညီမျှသလိုပဲ)
အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။
ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့က
မင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။
ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်.......့် မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်
အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ...

(လက်တည့်လာလို့ပါ)
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...

(မှီနိင်သေးတယ်)
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

(သူဌေးနှင့်နွား)
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

(မရှိရင်ပိုကောင်းသေး)
မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ၊ ၊`ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား၊ ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ
မလိုဘူးကွ´

(အပါအ၀င်၂၃ ယောက်မြောက်)

တခါက အရူးတွေကို ခုနှစ်ထပ်ရှိတဲ့အရူးထောင်မှာထား တယ်တဲ့ တနေ့ကျတော့ အရူးတွေက အော်နေကြ တယ် " ၂၂ " ဆိုပြီးတော့ အဲဒါနဲ့တာဝန်ကျဆရာဝန်ကလည်း ထူးဆန်းတယ်ဆိုပြီး မြေညီထပ်ကအရူးတွေကိုသွားမေးတယ် အရူးတွေကအပေါ်ထပ်ကအော်လို့အော်ရတာပါတဲ့ ဒါနဲ့ ဆရာဝန်လည်း ဒုတိယထပ်ကိုတက်သွားပြီးမေးပြန်တယ် ဒုတိယထပ်က အရူးတွေကကျတော့နဲနဲအဆင့်မြင့်လာတယ် စာတန်းတွေဘာတွေနဲ့ပေါ့ သူတို့ကလည်းအပေါ်ကအော်လို့အော်ရတာပါလို့ဖြေပြန်တယ် ဒါနဲ့ထပ်တက်ပြန်တာပေါ့ တတိယထပ်ကျတော့ မိုက်ကရိုဖုန်းတွေဘာတွေနဲ့အော်နေကြတာပေါ့ သူတို့ကလည်း အပေါ်ကအော်လို့အော်ရတာပါလို့ပြောပြန်ကော ဒီလိုနဲ့ တစ်ထပ်ပြီးတစ်ထပ်တက်ရင်းတက်ရင်းနဲ့ နောက်ဆုံးထပ် ခုနှစ်လွာကိုရောက်တော့ အဲအထပ်မှာက ဂိုဏ်းစတား အရူးတွေကြီးပဲရှိတယ် ဒါနဲ့ဆရာဝန်ကထုံးစံတိုင်းမေးပြန်ရောတဲ့ အရူးတွေကဘာမှမပြောဘူး ပြတင်းပေါက်ကို လက်ညိုးထိုးပြတယ် ဆရာဝန်ကလည်းဘာများလည်းဆိုပြီးသွားကြည့်တာပေါ့ အဲချိန်မှာအရူးတွေက ဆရာဝန်ကိုခြေထောက်ကနေကိုင်ပြီး ပြတင်းပေါက်ကနေပစ်ချလိုက်ကြတယ် ပြီးတော့
သူတို့အားလုံးအော်လိုက်တာက ၂၃ ၂၃ တဲ့


(အဲ့ဒါလဲကောင်းပါတယ်)
မိန်းခလေးနှစ်ယောက် စားသောက်ဆိုင်တွင်စကားပြောနေကြသည်။
ပထမ မိန်းခလေး......ငါ့မှာရည်းစားနှစ်ယောက်ရှိတယ်။တစ်ယောက်ကချမ်းသာတယ်၊တစ်ယောက်ကရုပ်ချောတယ်။ဒါဆိုဘယ်သူ့ကိုရွေးရမလဲဟင်။
ဒုတိယမိန်းခလေး......လွယ်ပါတယ်။ရုပ်ချောတဲ့သူနဲ့ ဆက်တွဲနေပေါ့။လက်ထပ်တဲ့ခါမှ ချမ်းသာတဲ့သူနဲ့လက်ထပ်လိုက်။

(သတင်း၃ခု)
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊ နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့  အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊ မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်…. အဲ …..
အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့  ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "

(အထီးအမခွဲခြားနည်း)

"မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ" ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
"ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။"
"အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ"

(ကောင်းပါတယ်)
မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
မောင်ချစ်။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။



ကောင်မလေးများစကတ်ကဲ့ သို့သော ဟာသ အတိုအစလေးများ

နောက်ဆုံးဆန္ဒ

"ခင်ဗျားရဲ့ရောဂါ အခြေအနေကတော့ သိပ်ပြီးဆိုးနေပြီဗျ ။ အဲဒီတော့
ကျူပ်အနေနဲ့ ရှင်းရှင်းပဲပြောရတော့မှာပဲ.. ခင်ဗျားရဲ့ရောဂါဟာ
ကုလို့မရတော့ဘူး။ ဒီတော့ ခင်ဗျားမသေခင် ဘယ်သူ့ကိုတွေချင်သလည်း"

ဆရာဝန်က လူနာကိုဒဲ့ဒိုးပြောလိုက်ရာ လူနာက ယခုလိုပြန်ပြောသည်။

"ကျွန်တော်တွေ့ချင်တာတော့ ဆရာ့ထက်သာတဲ့ တစ်ခြားဆရာဝန်တစ်ယောက်နဲ့
တွေ့ချင်တာပါပဲ ဆရာရယ်.."ဟူ၏။

Photobucket

အဖိုးတန်ထမင်းချက်

မိန်းမ ။ မောင်ရေ .. လက်ရှိထမင်းချက်ကိုတော့ ဖြုတ်ပစ်မှပဲ.. သူချက်တိုင်း
ဟင်းတွေတူးတာချည်းပဲ။

ယောက်ျား၊။ ဖြုတ်တော့ မဖြုတ်ပစ်ပါနဲ့ကွာ။ အရံထားပါ .. နောက်တစ်ယောက်သာ ထပ်ပြီးငှား။

မိန်းမ။ အို . ထမင်းချက် နှစ်ယောက်ကြီးများတောင် ဘာလုပ်ဖို့လည်းမောင်ရဲ့။

ယောက်ျား၊ ညအိပ်ညနေလာတဲ့ ဧည့်သည်လာရင် အခုလက်ရှိထမင်းချက်ကို
အချက်ခိုင်းရတာပေါ့ကွာ။ ဒါမှ ကြာကြာမတည်းမှာ။

Photobucket

ပိန်ဆေး

"ကျွန်မ ဆရာပေးတဲ့ ပိန်ဆေးကို သောက်နေတာ ၂- လရှိပြီ၊ ပိန်လည်းမပိန်ပါလားရှင်"
"တစ်နေ့ကို ခင်ဗျား ဘယ်နှစ်ကြိမ်သောက်သလဲ"
ဆယ်ကြိမ်၊ ထမင်းစားပြီးတိုင်း တစ်ခါသောက်လို့ ဆရာပြောတဲ့အတိုင်းပဲလေ"

Photobucket

သစ္စာဖေါက်ရပုံ

ယောက်ျားအပေါ် သစ္စာဖေါက်ရပုံအကြောင်းကို မိန်းမက ရှင်းပြနေသည်။
"ပိန်ချုံးပြီး ထမင်းဆာနေတဲ့ လူတစ်ယောက် ရောက်လာတယ်၊ ကျွန်မ သူ့ကို
သနားသွားတယ်၊ ဒါနဲ့ သူ့ကို ရေချိုးခိုင်းပြီး အစာကျွေးလိုက်တယ်၊
အ၀တ်အစားလည်း ဆင်ပေးလိုက်တယ်။ သူက ကျေးဇူးတင် စကားပြောတယ်၊ တစ်ဆက်တည်းက
အစ်မကြီးရဲ့ ယောက်ျား အသုံးမပြုတဲ့ ပစ္စည်းရှိသလားလို့ မေးတယ်။ အဲဒီမှာ
ရှင်ကျွန်မရဲ့ ကိုယ်ခန္ဓာကို အသုံးမပြုတာ ကြာပြီပဲလို့ သတိရလိုက်တယ်"

Photobucket

ကိုယ့်မိန်းမအကြောင်း ကိုယ်အသိဆုံးပါ

"ခင်ဗျားမိန်းမကို လူတစ်ယောက်နမ်းဖို့ကြိုးစာနေတာ ခုနကပဲ ကျွန်တော်တွေ့ခဲ့တယ်ဗျ"
"ဟုတ်လား၊ သူကြိုးစားတာအောင်မြင်သွားလား"
"ဟင့်အင်း"
"အဲဒါဆို ကျွန်တော့်မိန်းမ မဖြစ်နိုင်ဘူး"

Photobucket

ဒါကဒီလိုရှိပါတယ်။

မောင်ခွေးသည် အိမ်စာစာအုပ်ကို ဆရာမအားပေးလိုက်ရာ ဆရာမက
မောင်ခွေး၏ စာအုပ်ကို သေသေချာချာ ကြည့်ပြီးနောက်

"ဟေ့ မောင်ခွေး။ ဒီဟာ မင်းရေးတာလား။ မင့်အဖေလက်ရေးနဲ့တူနေပါလား။
မင်းဘာပြောချင်သေးသလဲ။"

မောင်ခွေးသည်အတန်ငယ်တွေနေပြီးနောက်

"သြော် ကျွန်တော်ရေးတာပါဆရာမ၊ နို့ပေမယ့် ဖေ့ဖေ့ဖောင်တိန်နဲ့ရေးလို့ ဖေ့ဖေ့
လက်ရေးဖြစ်နေတာပါ။"

ဆရာမကရော ကျွန်တော့် အဖေ လက်ရေးမှန်း ဘယ်လိုသိလဲ မသိဘူးနော်…

Photobucket

စိတ္တဇ ဟာသများ (၄)

စိတ္တဇ ဆေးရုံတစ်ခုတွင်ဖြစ်သည်။

လူနာတစ်ယောက်သည် သစ်ပင် ပေါ်တွင်ရောက်နေသည်။
ဆရာဝန်တစ်ယောက်ကအောက်မှနေ ပြီး ဆင်းလာဖို့ ပြောနေသည်။

လက်ထဲတွင်လည်း သင်္ကြန်ရေပြွတ်သေနတ်တစ်ခု ကိုကိုင်ထားသည်။

"ဟေ့ကောင်…….မင်းဆင်းမှာလား..မဆင်းဘူးလား..ငါ
ပစ်လိုက်မှာနော်.."

"မဆင်းဘူး….ဆရာ ပစ်ချင်လဲပစ်လိုက်.."

"မင်းတကယ်မဆင်းဘူးလား…. ငါ ပစ်လိုက်မှာနော်.."

"မဆင်းဘူးဆရာ…မဆင်းဘူး"

ဆရာဝန်လဲ ကြံရာမရ ဖြစ်နေတယ်။အဲဒီ
အချိန်မှာ နောက်လူနာတစ်ယောက်ရောက်လာပါတယ်။ ဆရာဝန်က

အဲဒီလူနာဆီ ကနေအကူအညီတောင်းပါတယ်။လူနာကသေနတ်ကိုယူလိုက်ပြီး

"ဟေ့ကောင်…. မင်းဆင်းလာခဲ့စမ်း..ငါ ပစ်လိုက်မှာနော်.."

"ဟုတ်…ဟုတ်..ဆင်းလာပါပြီ…မပစ်ပါနဲ့ …ဆင်းပါပြီ.."

ပထမလူနာလဲ သစ်ပင်ပေါ်ကနေဆင်းလာပါတယ်။ ဆရာဝန်က
"မင်းက ငါပြောတုံးကတော့ မဆင်းဘူး…ဘာလိုသူပြောမှဆင်းတာလဲ.."
"ဟာ..ဆရာကလူကောင်းဆရာရဲ
့..တကယ်မပစ်ဘူးဆိုတာကျွှန်တော်သိတယ်..အဲကောင်ကရုးနေတာ..တကယ်ပစ်မှာ.."

Photobucket

ဗေဒင်ဆရာ

ဗေဒင်ဆရာ။ ။ ခင်ဗျားမှာ ကလေးသုံးယောက်ရှိရမယ်။

မေးသူ။ ။ ဟင့်အင်း ။ ဒါဆိုဆရာမှားသွားပြီ

ကျွန်တော့်မှာ စုစုပေါင်းကလေး ငါးယောက်တောင် ရှိပါတယ်။

ဗေဒင်ဆရာ။ ။ဘာလဲ ခင်ဗျာက သူတို့အားလုံးရဲ့ ဖခင်လို့ ကိုယ့်ကိုယ်ကို

ထင်နေတယ်ပေါ့လေ။

Photobucket

စိတ္တဇ ဟာသများ (၁)

စိတ္တဇ ဆေးရုံ တစ်ခုမှာ ဆရာဝန်တွေဟာ ပြန်ကောင်းလာတဲ့
လူနာတွေကို ပြန်လွတ်ပေးဖို့  စဉ်းစာကြပါတယ်။ အဲဒီမှာ သူတို့ 

ဟာစမ်း သပ်မှုတစ်ခု လုပ်ကြပါတယ်။ Video ပြစက်ရှေ့မှာ ရှိတဲ့
ထိုင်ခုံတွေကိုဆေးသုတ် ပြီးတော့သူတိုကို Video ပြပါတယ်။ ဘယ်သူကများ
ဆေးသုတ်တာကို သိမလဲ လို စမ်းသပ်ပါတယ်။ ဘယ်သူမှမသိကြပါဘူး။ ဒါပေမယ့်
လူတစ်ယောက်ကတော့ ထိုင်ခုံတွေကို သေသေချာချာ ကြည့်

ပါတယ်။ ပြီးတော့ သတင်းစာတစ်စောင်ကို ထိုင်ခုံမှာဖြန့် ခင်း
ပြီးမှထိုင်တယ်။ ဆရာဝန်တွေက ဒီလူတော့ရောဂါပျောက်သွား ပြီဆိုပြီး အိမ်ကို
ပြန်

လွတ်လိုက်ပါတယ်။ အိမ်ရောက်တော့ သူမိန်းမ ကမေးတယ်။

"ရှင် ထိုင်ခုံတွေမှာ ဆေးသုတ်ထားတယ်ဆိုတာသိတယ်ပေါ့ဟုတ်လား ,
ဘယ်လိုလုပ်သိတာလဲ"

"ဘာတွေလာပြောနေတာလဲ…ငါကအရပ်ပုလို့ 
ထိုင်ခုံမှာသတင်းစာခုပြီးထိုင်တာဟ…"

Photobucket

ရှင်သိတယ်မှတ်လို့။

လင်မယားနှစ်ယောက် ကတိသစ္စာပြုထားကြသည်မှာ တစ်ယောက်က သစ္စာဖောက်မိလျင် ပဲကြမ်းစေ့တစ်စေ့ စားပွဲပေါ်တင်၍ အသိပေးရန်ဖြစ်သည်။
တစ်နှစ်ခန့်အကြာတွင်… ယောင်္ကျားဖြစ်သူက ပဲကြမ်းစေ့ သုံးစေ့ကို စားပွဲပေါ်တင်သည်။ မိန်းမကမူ…တစ်စေ့မျှမတင်ပေ။ ယောင်္ကျားက… မကျေမနပ်မေးသည်။
" မင်းကငါ့ကို… တစ်ခါမှသစ္စာမဖေါက်ဘူးပေါ့လေ။ ဟုတ်လား"
"ရှင်အတော်… နုံတာပဲ။ ရှင့်ကိုနေ့တိုင်း ပဲဟင်းချက်ကျွေးနေတာ… ခြောက်လလောက်ရှိပြီ'

Photobucket

ဒီအတိုင်းပါပဲ။

မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃ နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည် သူ၏ ဆရာဝန်ထံ ရောက်လာပြီး သူတို့ကလေးရတော့မည့်အကြာာင်း ပြောပြလေသည်။

ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။

'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာ အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊ အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'

'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး ပစ်လိုက်လို့ နေမှာပေါ့'

'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'

Photobucket


တခါတုန်းက ကမ္ဘာကျော် ရုပဗေဒ ပညာရှင်ကြီး အိုင်းစတိုင်းကို ဧည့်ခံပွဲတခုမှာ အရမ်းလှပတဲ့မိန်းမတယောက်က လာရောက်နှုတ်ဆက်ပါတယ်တဲ့။

" ရှင်ဟာ တကယ်ပါရမီရှင် (Genius) ပါဘဲ။တကယ်လို့ ရှင်နဲ့ ကျွန်မသာပေါင်းဖက်လိုက်ရင် ရှင့်လို ဦးနှောက် ၊ ကျွန်မလိုရုပ်ရည်နဲ့ ကမ္ဘာမှာ အထူးခြားဆုံး ပါရမီရှင်လေးတယောက် ကိုမွေးဖွားပေးနိုင်မှာဘဲတဲ့…. "

အဲဒီတော့ဆရာကြီးအိုင်းစတိုင်းကပြန်ပြောလိုက်ပါတယ်။

" မထင်ပါနဲ့ကွယ် ..တော်ကြာငါ့လိုရုပ်ရည်နဲ့ မင်းလိုဦးနှောက်ရှိတဲ့ ကလေးမွေးလာရင် ကမ္ဘာပေါ်မှာ ကံအဆိုးဆုံး ကလေးတယောက်ဖြစ်သွားပါလိမ့်မယ်"


နောက်ဆက်တွဲ

ဤအကြောင်းကိုကြားသွားတဲ့ သူမိန်းမက အိုင်းစတိုင်းကိုအိမ်ပြန်ရောက်တော့ ဖောက်တာပေါ့ (ခေတ်စကား) "ကျွန်မ နဲရှင်နဲ့ ရတဲ့ကလေးဟာ ရှင်နဲ့ တူပြီး ကျွန်မလိုဦးနှောက်နဲဆို တော်တော် ကံဆိုးတဲ့ကလေး ဖြစ်သွားမှာပေါ့ ..နော်…."
ဒီတစ်ခါအိုင်းစတိုင်ပြန်ပြောလိုက်တာက …
" အေး …ကလေးက ငါနဲ့ တူရင်ကလေး ကံဆိုးတာပေါ့ … ဒါပေမယ့် ငါနဲမတူလို့ကတော့ မင်းကံဆိုးပြီးမှတ် "

Photobucket

ဆုတောင်းပြည့်ပြိ။

လူတယောက်သည် စကားပြောတတ်သော ကြက်တူရွေး အမတကောင် ဝယ်လိုက်ရာ ထိုကြက်တူရွေးမှာ စကားပြောရာ၌ အမြဲတမ်း ဆဲဆို၍ ပြောနေသဖြင့် စိတ်ပျက်လက်လျက် ရှိလေသည်။ သိုနှင့် သူငယ်ချင်း တယောက်က ထို ကြက်တူရွေးအမကလေးကို ယဉ်ကျေးဖွယ်ရာ စကားများ တပတ်အတွင်း ပြောတတ်အောင် စီစဉ် ထားကြောင်း ပြောပြသည်။

သူ့တွင် ကြက်တူရွေး အထီးနှစ်ကောင် ရှိကြောင်း၊ ထိုနှစ်ကောင်မှာ တကောင်က ဘုရားရှိခိုးတတ်ကြောင်း၊ ကျန်တကောင်မှာ ခြေသည်းကြားတွင် ပုတီးကို ထားပြီး နှုတ်မှလည်း မယ်တော်မာရိယာ ဟာ ရေရွှတ်ကာ ပုတီးစိတ်တတ်ကြောင်း ပြောပြသည်။

ကြက်တူရွေး အမကလေးကို ဝယ်ထားသူလည်း ဝမ်းသာအားရနှင့် ပြန်ပြောလေသည်။

'ဝမ်းသာလိုက်တာကွာ၊ ငါ့ကြက်တူရွေူးကလေး ခေါ်လာခဲ့ပြိး မင်း ကြက်တူရွေးတွေနှင့် ရက်အတော်ကြာကြာထားလိုက်တာပေါ့ကွာ၊ ဒါမှ ငါ့ကြက်တူရွေးကလေးလဲ မင်း ကြက်တူရွေးတွေလို အကျင့်ကောင်း တတ်လာပြီး အပြော အဆို ယဉ်ကျေးလာလိမ့်မယ်'

ထိုနောက် ကြက်တူရွေး အမကလေးကို ယူ၍ သူငယ်ချင်း အိမ်ကို သွားလေသည်။ ရောက်သောအခါ ကြက်တူရွေး နှစ်ကောင်အနီးတွင် ထားလိုက်သည်။

ထိုအခါ အထီးတကောင်က ကျန်တကောင်ကို ပြောလိုက်သည်။

'ဟေ့ကောင် မင်းပုတီးစိတ်တာ ရပ်လိုက်တော့၊ တို့ ဘုရားသခင်ဆီမှာ ဆုတောင်းနေတာ အခုပြည့်ပြီကွ'.

Photobucket

ကြိုက်တာဝယ်စားး..
အမေရိကန်နိုင်ငံ၌၀က်မွေးမြူသူထံ
သို့ တစ်နေ့သောအခါလူကြီးလူကောင်းတစ်ဦး

ရောက်ရှိလာပြီးစုံစမ်းလေသည်။
ခင်ဗျားရဲ့ဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
"ကျွန်တော့်ဝက်တွေကိုထမင်းကျန်ဟင်းကျန်တွေနဲ့ဟင်းသီးဟင်းရွက်
အပုပ်တွေရောစပ်ပြီးကျွေးပါတယ်..
ကြားရတာစိတ်မကောင်းစရာပဲ ကျွန်တော်ကကမ္ဘာ့တိရစ္ဆာန်များထိန်းသိမ်း
စောင့်ရှောက်ရေးအဖွဲ့ကအရာရှိပါ..အခုလိုကျန်းမာရေးနဲ့မညီညွှတ်တဲ့အစားအစာ
တွေကျွေးမှုအတွက်ဒဏ်ငွေရိုက်ရပါလိမ့်မယ်.."
ဒဏ်ငွေဆောင်ပြီး၃လခန့်ကြာပြန်သော်နောက်ထပ်လူကြီးလူကောင်းတစ်ယောက်
လာပြီးစုံစမ်းပြန်သည်။
ခင်ဗျားဝက်တွေကိုဘယ်လိုအစာကျွေးသလဲဗျ
ဟုတ်ကဲ့..ပေါင်မုန့်ပူတင်း..ဒိန်ခဲ..အာလူး..ကြက်ပေါင်းနဲ့ဗိုက်တာမင်အားဆေးတွေ
ရောစပ်ပြီးကျွေးပါတယ်…
အားပါး..အံ့သြစရာပဲ..ကျွန်တော်ကကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကအရာရှိပါ..ကမ္ဘာကြီးရဲ့

လူဦးရေလေးပုံတစ်ပုံလောက်နှစ်စဉ်အငတ်ဘေးကြုံနေတာတောင်ကိုမှခင်ဗျားကခြိုးခြံမှု

မရှိဘဲဖြုန်းတီးပစ်နေတာ အဲ့ဒီအတွက်ခင်ဗျားကိုဒေါ်လာတစ်ထောင်ဒဏ်ငွေရိုက်ပါတယ်..

ဒဏ်ငွေဆောင်ပြီးများမကြာမီ နောက်တစ်ဦးလာပြန်လေသည်။

ခင်ဗျားဝက်တွေကိုဘယ်လိုအစာတွေ
ကျွေးပါသလဲခင်ဗျာ

တစ်ကောင်ကိုတစ်ဒေါ်လာစီပေးပြီး ကြိုက်တာဝယ်စားလို့ပြောလိုက်တယ်..

Photobucket

"တစ်ညလုံးဆို ဘယ်လောက်လဲ"

မိန်းမတစ်ယောက်သည် ဆရာဝန်နှင့် ဆွေးနွေးချင်သည်ဟု ဆိုသည်..။ သို့နှင့် ဆရာဝန်က
" ပြောပါခင်ဗျာ…ဘာရောဂါ၊ ဘာပြသနာများ ဖြစ်နေတယ်လို့ ထင်ပါသလဲ " ဟု မေးသည်။
ထိုအခါ လူနာ မိန်းမက
" အင်း….ကျွန်မ..ကျွန်မ " ဟု ဘယ်က စပြောရမှန်း မသိ ယောင်ချာချာဖြစ်နေသည်။
နောက်တော့" ကျွန်မ အိပ်မပျော်တဲ့ ရောဂါရနေတယ် ထင်တယ် ဆရာ " ဟု မဝင့်တဝင့်
ပြောသည်။ ထိုအခါ ဆရာဝန်က…" ဟုတ်ပါပြီ….ခင်ဗျာ၊ ဒါပေမယ့် ကျွန်တော့
အကြံပေးချက်တွေနဲ့ ကျွန်တော့ ဆွေးနွေးတဲ့ အချိန်တွေ အတွက် တစ်နာရီကို ဒေါ်လာ 80
ကျပါမယ် " ဟု ပြောသည်။ ထိုအခါ လူနာ မိန်းမက ဝမ်းသာအားရနှင့် ……….."
ရပါတယ် ဆရာ၊ ငွေက အရေးမကြီးပါဘူး..။ တကယ်လို့ တစ်ညလုံးဆိုရင်ရော ဆရာ ဘယ်လောက်
ယူပါသလဲရှင် "…။
…….. …….. တစ်ညလုံးကြီးများတောင်…

Photobucket

"လက်ထပ်ပြီးစီးခြင်း"

….ငွေချူမြို့၊ ခါးပိုက်နှိုက်ရပ်၊ အကြွေးထူလမ်း၊ အမှတ်(၁၅၀၀) နေ……
(ဦးငွေမက်+ ဒေါ်ချူစား)၊ ဦးငွေကြွယ်+ ဒေါ်မာယာမြူတို့၏ မြေး…
ဦးလောဘ ( နယ်လှည့်လိမ်စား ကုမ္ပဏီ ) + ဒေါ်ဓနရှင် တို့၏
ဒသမမြောက်သား……မောင် ဂျလေဘီထောင်ထွက် ( လယ်ရာလယ်စားရေး ကုမ္ပဏီ ) နှင့်
…..မစိန်မြို့၊ ပတ္တမြားမြို့နယ်၊ ကျောက်စိမ်းလမ်း၊ အမှတ် ( ၅၂၈ ) နေ……
ဦး မဟူရာ မဲနက်ကျော် (ရွှေပေါင်ကုမ္ပဏီ) + ဒေါ်နီလာဝင်းဝင့်ကြွယ် တို့၏
ဒါဇင်ကျော်မြောက် သမီးလတ်………မကြွားဝါဝါမဲနီ လာဝင်းဝင့်ကြွယ်
(တီကောင်ရောင်းဝယ်ရေး ပွဲစားကုမ္ပဏီ)
တို့သည် ၀၈-၂၁-၀၈၊ ကလေးမြို့ပြင် သုသာန်ဇရပ်၌ ဂုဏ်သရေရှိ ဂျလေဘီများ၊
ထောင်ထွက်လူကြီးမင်းများ၊ ဝရမ်းပြေးများနှင့် လောင်းကစားသမားများ ရှေ့မှောက်၌
လက်မှတ်ရေးထိုး လက်ထပ်ပြီးစီးကြောင်း။
( နှစ်ဖက်သော မိဘများနှင့်
မောင်ဂျလေဘီထောင်ထွက် + မကြွားဝါဝါမဲနီလာဝင်းဝင့်ြ ကွယ်)
…….. ……

Photobucket

" အခ်စ္ညဝတ္အက်ီၤ"

အဘွားအိုတစ်ဦးဟာ မင်္ဂလာဆောင်ပြီး မကြာသေးတဲ့ ချွေးမကို ကြည့်ဖို့ သားအိမ်ကို
ရောက်သွားခဲ့တယ်။ လူခေါ်ဘဲလ်တီးပြီး တံခါးဖွင့်လာတော့ ဘာအ၀တ်အစားမှ ၀တ်မထားတဲ့
ချွေးမကို တွေ့လိုက်တယ်။ ချွေးမကို ကြည့်ပြီး အဘွားအိုက အလန့်တကြား မေးတယ်။ > >
" ဒါ ဘာလုပ်တာလဲ" > "ယောကျာ်းအပြန်ကို စောင့်နေတာလေ" > "ဘာမှ မ၀တ်ဘဲ
စောင့်နေရသလား" > "ဒါကို ည၀တ်အိပ် အချစ်အင်္ကျီလို့ ခေါ်တယ်" > "လုံးဝ
ဝတ်မထားတာကို ဘာ ည၀တ်အင်္ကျီလို့ ခေါ်တာလဲ" > "ဒါပေမယ့် ကျွန်မ ယောက်ျားက
ဒီည၀တ်အင်္ကျီကို ကြိုက်တယ်ရှင့်" > > ချွေးမကို ဘာမှ ဆက်မပြောတော့ဘဲ အဘွားအို
လှည့်ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ အဘွားအိုဟာ ရေမိုးချိုး၊ အမွှေးအကြိုင်တွေ
ဆွတ်ပြီး ဘာအ၀တ်အစားမှ မ၀တ်ဘဲ တံခါးဝမှာ သွားရပ်နေခဲ့တယ်။ > > တအောင့်ကြာတော့
အဘိုးအို ပြန်ရောက်လာတယ်။ အ၀တ်ဗလာနဲ့ ရပ်နေတဲ့ အဘွားအိုကို မြင်တော့ လန့်ပြီး
"ဒါ ဘာလုပ်တာလဲ" လို့ အော်လိုက်တယ်။ > > "ဒါ ည၀တ် အချစ်အင်္ကျီလေ" လို့
ပြန်ဖြေလိုက်တော့ အဘိုးအိုက > " ဟာ မင်းည၀တ်အင်္ကျီက မီးပူထိုးသင့်နေပြီ။
ကြည့်စမ်း ဟိုကြယ်သီးနှစ်လုံးကလဲ ပြုတ်ထွက်တော့မယ်" လို့ ပြန်ပြောလိုက်သတဲ့။
…… ….
( အတုမြင် အတတ်သင်တတ်တဲ့ သယ်ရင်းများအတွက်၊ အတုခိုး မမှားကြစေဖို့ )

Photobucket

" လင်ကွန်းမိန်းမ နာမည်"

အတန်းတတန်းတွင်ဆရာမက ကျောင်းသာများကိုမေရိကန်ပြည်တွင်းစစ်အကြောင်း မေးနေသည်။
ဆရာမက ကျောင်းသားတစ်ဦးအား ……."ဟဲ့…အမေရိကန်ပြည်တွင်
စစ်မှာနာမည်ကြီးတဲ့သမ္မတကိုပြောစ မ်း" ကျောင်းသားက……."လင်ကွန်းပါဆ
ရာမ"……..အေးဒါဆိုသူ့မိန်းမနာမည်ကဘာလဲ'"…… "မယားကွန်းပါဆရာမ"
……. ….. လွယ်လွယ်လေး နှော….။

Photobucket

" သူ့ထက်သူ်

လူတစ်ဦးသည် ညစာစားပွဲတစ်ခုမှသောက်စားပျော်ပါး၍ အိမ်သို့ပြန်လာရာ
အိမ်ပေါ်အရောက်၌ အမူးလွန်ကာ ခလုတ်တိုက်ပြီး မေ့လဲသွားလေသည်။ ထိုအခါ
မိန်းမဖြစ်သူက ဆရာဝန်ဆီ ဖုန်းဆက်ရန် ဖုန်းနံပါတ်ရှာရာ မတွေ့သဖြင့်
သူ၏သားဖြစ်သူအားခေါ်၍…..
မိန်းမ။ ။ သားလေး…သွား အပေါ်ထပ်မှာအိပ်နေတဲ့ မင်းဦးလေးကိုသွားနှိုးပြီး
ဒေါက်တာ့ဖုန်းနံပါတ်မေးကြည့်စမ်း
သားဖြစ်သူ။ ။ ဟာ…မေမေကလည်း ဒါများ ဆရာဝန်ဆီဖုန်းဆက်ပြီး ဖုန်းနံပါတ
်ဘယ်လောက်လဲ မေးလိုက်ပေါ့။
မိန်းမ။ ။ ဟဲ့…နင်တော်တော်တုံးပါလား…. …….ဖုန်းနံပါတ်မသိပါဘူးဆိုမှ
ဘယ်လိုဖုန်းဆက်မလဲ…ကဲ..ကဲ
ဆရာဝန်ဆီသွားပြီး ဖုန်းနံပါတ်ဘယ်လောက်လဲမေးပြီး
ပြန်လာခဲ့..ဟဲ့..မြန်မြန်ပြန်လာ ခဲ့နော်
……………

Photobucket

" ကိုလူလည်ရဲ့ အိမ်မက် အဆုံးပိုင်း

ဧည့်သည်များရှေ့တွင် လူတစ်ဦးက အခြား တစ်ဦးကို ပြက်ရယ်ပြုရန်
ရည်ရွယ်ချက်ဖြင့်…….
" တလောက ငါ အိမ်မက် မက်တယ်ကွ။ အိမ်မက်ထဲမှာ မင်းနဲ့ငါနဲ့ အတောင်ပံတွေ ပေါက်ပြီး
ထပျံကျတယ်။ ဒါပေမယ့် ဝေးဝေးကို မပျံနိုင်ဘဲ မြေပေါ်ကို ပြန်ကျလာတယ်။
အဲဒီအချိန်မှာ ငါက ပျားရည်တွေ အပြည့် ရှိတဲ့တွင်းထဲကို ကျပြီးတော့၊ မင်းကတော့
အညစ်အကြေးတွေ ရှိတဲ့ တွင်းကြီးထဲကို ကျသွားတယ်တဲ့ကွာ….. "
အဲလိုနဲ့ ဟာသဥာဏ်ရှိတဲ့ ကိုလူလည်ကလဲ ပြန်ပြောတာပေါ့…….
" အံ့သြစရာ ကောင်းလိုက်တာကွာ၊ ငါလဲ အဲဒီ အိမ်မက်ကို အဲဒီ အတိုင်းမက်တယ်ကွ။
ဒါပေမယ့် ငါက ရှေ့ဆက်ပြီး ဆုံးတဲ့ အထိ မက်ခဲ့သေးတာ "
" ဘာတွေ ဆက်ပြီး မက်ခဲ့လို့လဲကွ "
" ငါတို့တွေ တွင်းအသီးသီးကနေ ပြန်ထွက်လာပြီးတဲ့နောက် တစ်ယောက်ကို တစ်ယောက်
အပြန်အလှန် လျှာနဲ့ လျက်ကြတယ်လေ "
……. …….

Photobucket

" ဖြစ်ချင်တာက……… ….

ဆရာမက ကလေးတွေအား " ကြီးလာရင် ဘာဖြစ်သလဲ…ပုံဆွဲပြပါ " ဟု ခိုင်းလေသည်။
ကလေးတစ်ယောက်က လေယဉ်မူးပုံ ဆွဲသည်။ အခြား တစ်ယောက်က ရဲသားပုံ ဆွဲသည်။
တစ်ယောက်ကတော့ မျက်လှည့်ဆရာပုံ ဆွဲသည်။ အဲ မိန်းကလေး တစ်ယောက်ကတော့ လက်နှိပ်စက်
စာရေးမပုံ ဆွဲသည်။ ကောင်မလေး တစ်ယောက်တော့ ဘာမှ မဆွဲ……။ သူ့ စာရွက်
လွတ်နေသည်။ ထို့ကြောင့် ဆရာမက……." သမီး ဘာဖြစ်လို့ ဘာမှ မဆွဲတာလည်း ကွယ် "
" ဘာမှ မဖြစ်ပါဘူး ဆရာမ "
" ဒါဆို ဘာလို့ ပုံမဆွဲတာလဲကွယ် "
" သမီး လက်ထပ်ချင်တယ် ဆရာမ။ အဲဒါ ဘယ်လိုဆွဲရမှန်း မသိလို့ပါ "
…………… ……………….

Photobucket

" အရင်းခံ အတိုင်းပါရှင်

တရားသူကြီး ။ ။ " မင်း ယောင်္ကျားကို ထီးနဲ့ ရိုက်လိုက်တာ ထီးကျိုးသွားတယ်လို့
ဆိုတယ်..။ ကဲ..အဲဒါ မင်းဘာပြောချင်သလဲ ….။
တရားခံ အမျိုးသမီး ။ ။ " မတော်တဆ ဖြစ်သွားတာပါ တရားသူကြီးရှင့် "
တရားသူကြီး ။ ။ " ဒါ ဘယ်လိုလုပ် မတော်တဆဖြစ်နိုင်မှာလဲ "
တရားခံ အမျိုးသမီး ။ ။ " ကျွန်မမှာ ထီးကျိုးစေချင်တဲ့ ဆန္ဒလုံးဝမရှိပါဘူး "
…… …….

Photobucket

" ယူမိသည့် တာဝန်..

" အဝတ်အစားတွေကို လျှော်ဖို့ အမျိုးသမီးလေး တစ်ယောက်ကို ခင်ဗျား ငှားထားတယ်
မဟုတ်လား။ ဘာ့ကြောင့် ကိုယ်တိုင် လျှော်နေရတာလဲ ဗျာ။ " ဟု အသိတစ်ယောက်က
မေးသည်..။
ထိုအခါ မေးခံရသည့် ယောင်္ကျားက မသာမယာ မျက်နှာဖြင့်….." သူ့ကို ကျွန်တော်
ယူလိုက်ပြီလေဗျာ " ဟု ဖြေလေသည်။ သြော်…ယူမိသည့် တာဝန်များနော်…………

……………. ……………..

Photobucket

" သွက်လက် ချက်ချာသူလေး

အိမ်ရှင် ။ ။ " ဟဲ့ ကောင်မလေး၊ အိမ်မှာ ဧည့်သည်တွေ ရှိနေရင် နင့်ကိုငါ " အက်စတာ
" လို့
ခေါ်မယ် မှတ်ထား "
အိမ်ဖော် ။ ။ " ဟုတ်ကဲ့ မေမေကြီး၊ ဒါထက် အိမ်မှာ ဧည့်သည်တွေရှိနေရင် ကျွန်မကရော
မေမေကြီးကို
ဘယ်လိုခေါ်ရမှာလဲ "
အိမ်ရှင် အမျိုးသမီးကြီး ။ ။ " ဟယ်…ခွေးမ "
အိမ်ဖော် ။ ။ " ကောင်းပါပြီ…………မေမေကြီး "
………. သိပ်တော်..

Photobucket

" ကြောက်တယ်နော်….း)"

တစ်ခါက ကောင်လေး သုံးယောက်ဟာ ဆေးရုံ တစ်ခုကို အတူသွားကြတယ်။ ဆေးရုံရောက်တော့
ပထမ ကောင်လေး က " ငါ ဒီကို သွေးစစ်ဖို့ လာတာ " တဲ့။ အဲဒါ ဒုတိယကောင်လေးက "
မင်းသွေးစစ်မယ်ဆိုရင် မင်းလက်ထိပ်ကို ဆရာဝန်က အပ်နဲ့ဖောက်လိမ့်မယ်"
လို့ပြန်ပြောတယ်။ ဒီစကားလည်း ကြားရော တတိယ ကောင်လေးက အော်ငိုပါလေရော။ ဒါနဲ့
ပထမနဲ့ ဒုတိယကောင်လေးက ဘာလို့ငိုရတာလဲလို့ မေးတယ်။ အဲဒါ တတိယ ကောင်လေး
ပြန်ဖြေပုံက "ငါ က ဆီးစစ်ဖို့လာတာကွ" တဲ့။
………….. ………… အဟိ

Photobucket

" လှေခါးလာမလှုပ်နဲ့"

ရုံးပိတ်ရက်တစ်ရက်မှာ ပီတာလေးတို့ကျောင်းက ရှေးဟောင်းပြတိုက်တစ်ခုကို
လေ့လာရေးခရီး ထွက်ခဲ့ကြတယ်။ အဲဒီနေ့မှာ သူတို့သွားတဲ့ သမိုင်းပြတိုက်မှာ
နံရံပေါ်တက်ပြီး ဆေးသုတ်နေတဲ့ လူတစ်ယောက်ပြုတ်ကျပြီး သေသွားတာကို မြင်ခဲ့ကြရတယ်။
နောက်နေ့ အတန်းထဲမှာ ဆရာမက မနေ့က လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကလေးတွေကို
ဗဟုသုတအနေနဲ့ ဘယ်လောက်ရခဲ့လဲဆိုတာကို ပြန်ပြီးဆွေးနွေးရင်း မနေ့က မတော်တဆမှုနဲ့
ပတ်သက်ပြီး ကလေးတွေအမြင်ကို သိချင်လို့ မေးခွန်းထုတ်လိုက်တယ်။
ဆရာမက"တပည့်တို့ကို မနေ့က မတော်တဆမှုနဲ့ ပတ်သက်ပြီးမေးခွန်းလေမေးချ င်တယ် "
"ကိုလတ်ကို ပထမဦးဆုံးမေးချင်တယ် ကိုလတ် မနေ့ကမတော်တဆမှုနဲ့ပတ်သက်ပြီး
ဘယ်လိုမြင်သလဲ။" ဒါနဲ့ကိုလတ် ဆေးသုတ်တဲ့လူက နမော်နမဲ့ဖြစ်လို့
ပြုတ်ကျတယ်လို့ထင်ပါတယ် ဆရာမ။
ဒါနဲ့ ဆရာမက "အေးမှန်တယ်ကွဲ့ သားတို့သမီးတို့လဲ နမော်နမဲ့ မနေကျနဲ့ကွဲ့
ဟုတ်ပြီလား။" ဆရာမကဆက်ပြီး "မောင်မောင်ရဲ့အမြင်ကိုလဲ ပြောပါအုန်း"
မောင်မောင်က "အရက်မူးတယ်လို့ထင်ပါတယ် ဆရာမ"
ဒါနဲ့ ဆရာမက "အေးမှန်တယ်ကွဲ့ သားတို့သမီးတို့ကြီးလာရင် အရက်သေစာမသောက်စားကြနဲ့
ဟုတ်ပြီလား"ဟု ပြောလိုက်တယ်။
အဲဒါနဲ့ ဆရာမကဆက်ပြီး "ပီတာလေးကို မေးလိုက်တယ်။" "ပီတာလေးရဲ့
အမြင်ကိုလဲပြောပါအုန်း" ပီတာလေးက "ကျွန်တော့်အမေကိုဆဲလို့ပါ ဆရာမ"
ဟုဖြေလိုက်တယ်။
ဆရာမလဲ အံ့အားသင့်သွားတယ် "ဘယ်လိုပတ်သက်လို့တုန်းကွဲ့ "လို့  ဆရာမက
ပီတာလေးကိုမေးလိုက်တယ်။ ဒါနဲ့ပီတာလေးက "အဲဒီလူကြီးက" "အေဘေးလေးအောက်ကနေ
လှေခါးလာမလှုပ်နဲ့"လို့ပြောလို့ပါ ဆရာမ။
…………………….. အဟိ

ပျော်ရွှင်ပါစေ

Photobucket

*မိန်းမများနှင့်တူသော အားကစား*

15 & 20 ကြား ဘောလုံး 22 ယောက် ၀ိုင်းလုသည်
20 & 25 ကြား ဘတ်စကတ်ဘော 12 ယောက်ဝိုင်းလုသည်
25 & 30 ကြား စားပွဲတင် တင်းနစ် 2 ယောက်သာကျန်သည် ဟိုဖက်ပုတ်ထုတ်
ဒီဖက်ပုတ်ထုတ်
30 & over ဂေါက်သီး ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြ သည်

Photobucket

*အဖတ်မှားကြပုံများ*

ကျား။ ။ မိန်းမ မင်းခုဘာလုပ်နေလဲ?
မ ။ ။ စာဖတ်နေတယ်လေ…
ကျား ။ ။ ဘာစာလဲ
မ ။ ။ ဘာလုပ်မလို့လဲ…တရားစာပေါ့…ရှင်ကဖတ်ချင်လို့လား
ကျား ။ ။ ဟင့်အင်း…ဒါပေမဲ့ ဖက်တော့ဖက်ချင်တယ်…
မ ။ ။ ဒါများဖတ်ပေါ့…
ကျား ။ ။ လာလေ…ဖက်မယ်…
မ ။ ။ ရော့ ဖတ်လေ….ကျုပ်တော့ သားနဲ့သွားအိပ်တော့မယ်…

Photobucket

*တတိယ*

ကျား ။ ။ မင်းငါ့တတိယ မယားနဲ့တူတယ်
မ ။ ။ ရှင်ဘယ်နှစ်ခါ လက်ထပ်ဖူးလဲ
ကျား ။ ။ ၂ ခါ

Photobucket

*အားသလား*

ကျား ။ ။ ဒီထိုင်ခုံ အားနေသလား။
မ ။ ။ အားပါတယ်။ ရှင် ထိုင်ချရင် နောက် ထိုင်ခုံ တစ်ခုလည်း အားသွားပါလိမ့်မယ်။

Photobucket

*လက်ဆောင်*

ကျား ။ ။ ကျွန့်တော့်ကိုယ်ကို ခင်ဗျားဆီ လှူချင်ပါတယ်။
မ ။ ။ ၀မ်းနည်းပါတယ်။ ကျွန်မ လက်ဆောင် အပေါစား လက်မခံပါဘူး။

Photobucket

*သွားမလား*

ကျား ။ ။ မင်းနေရာ သွားမလား၊ ကျူပ်နေရာ သွားမလား။
မ ။ ။ရှင်က ရှင့်နေရာသွား၊ ကျွန်မက ကျွန်မနေရာသွားမယ်။

Photobucket

*မင်းတို့သိရဲ့လား*

နွားသိုးခြံတစ်ခုမှာ ပေါ့
နွားသိုး က ၃ကောင်ရှိတယ် နွားမက ၁၀၀ ရှိတာပေါ့….နွားသိုး ၃ကောင်က
ခွဲတန်နဲ့နွားမတွေကိုပိုင်ကြတယ် အကြီးဆုံးကောင်က ၅၀ ပိုင်တယ်ူ
အလတ်ကောင်က ၃၀ . အငယ်ဆုံးကောင်က ၂၀ ပေါ့
တစ်နေ့မှာ ခြံရှင်က နွားပေါက်နုန်းနည်းလိုဆိုပြီးနွားသိုတစ်ကောင်ထပ်ဝယ်တော့
နဂိုရှိတဲ့ ၃ ကောင်က မကျေနပ်ဘူး သူတိုရဲနွားမတွေခွဲပေးရမှာဆိုတော့..
သူတို ၃ ကောင်တိုင်ပင်တာပေါ့ အကြီးဆုံးကောင်က စပြီးပြောတယ် "
ငါကတော့တစ်ကောင်မှမခွဲပေးနိုင်ဘူးကွ " အလတ်ကောင်ကလည်း "ငါလည်းမပေးနိုင်ဘူး"
ဒေါသတွေထွက်နေကြတာပေါ့ ၃ကောင်စလုံး…..
ခဏနေတော့ ခြံရှင်ဝယ်လိုက်တဲ့နွားသိုးအသစ်က ရောက်လာရော ၁၀ ဘီးကားနဲခြံထဲဝင်လာတယ်
ကားပေါ်ကနေ နွားသိုးကြီးလည်းဆင်းလာရော ၁၀ဘီးကားက ခေါင်းတောငထောင်သွားတယ်
နွားသိုး ၃ကောင်လန့်သွားတာပေါ့ ဒါနဲအကြီးဆုံးကောင်က "ငါတော့ ၂၀
ကောင်လောက်ခွဲပေးလိုက်တော့မယ်ကွာ အလတ်ကောင်ကလည်း အေငါလလည်း ၁၀
ကောင်လောက်တော့ခွဲပေးမှဖြစ်မယ်ကွ"
အငယ်ဆုံးကောင်ကဘာမှမပြောဘူး နှာမှုတ်လိုက် ခွာယှက်လိုက်ပဲလုပ်နေတယ်…..ဒါနဲ့
အကြီး ၂ ကောင်ကမေးတာပေါ့ "ဟဲကောင်မင်းလဲနဲနဲခွဲပေးလိုက်လေကွာ မင်းနာအုံးမယ်"
ပေါ့ဒါနဲ့အငယ်ကောင်ကပြန်ပြောတယ်" အေးငါသိတယ်ကွ
ငါ့ကိုအထီးမှန်းသိအောင်ငါလုပ်ပြနေတာ မင်းတို့သိရဲ့လားတဲ့"

Photobucket

*လူမှားလို.*

အလွန်အေးတဲ့ဆောင်းတမနက်မှာ ကိုရီးယားသားတယောက်ဟာ ထုံးစံအတိုင်း
နှင်းလျှောစီးဘို.
မိန်းမကိုနှုတ်ဆက်ပြီး ထွက်ခဲ.တယ်။လမ်းရောက်မှ ရာသီဥတုက အရမ်းဆိုးလာတော့
လှည့်ပြန်လာပြီး
'အားးးးးးးးးး ဒီနေ.ရာသီဥတုကတော်တော်ဆိုးတာပ'ဲလို.ပြောပြီးမိန်းမဘေ
းပြန်ဝင်အိပ်ချိန်မှာ မိန်းမက လှည့်မကြည့်ပဲပြန်ပြောလိုက်ပုံက
'ဒါတောင်အိမ်ကကောင်ကြီးက နှင်လျှောစီးဖို.သွားသေးတယ်' တဲ့။

Photobucket

**ပစ်တာလည်းပစ်ပေါ့ နည်းနည်းတော့သတိထား**

မြို့မှာ တက္ကသိုလ်သွားတက်တဲ့သားပြန်လာတော့ တောမှာနေတဲ့
အဖေက(ရိုးရိုးအအ)ဒိလိုပြောတယ်
အဖေ။ ။"ငါ့သား မြို့မှာကျောင်းသွားတက်တာ ပညာကိုကြိုးစားသင်နော်။
အပျော်အပါးတို့ လောင်းကစားတို့မလုပ်နဲ့ ကြားလား"
သား။ ။ "မလုပ်ပါဘူးအဖေရယ်။ တစ်ခါတစ်ရံပိုကာလေးဘာလေးတော့ ပစ်တာပေါ့။"
အဖေ။ ။ "အေး အေး။ ပိုကာပစ်ရင်လည်း သေချာကြည့်ပစ်။ မျက်စိမျက်နှာ မှန်ဦးမယ်။"

Photobucket

**အိုဆေး*

အမျိုးသမီးတစ်ဦးသည် အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင်
လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိ မ့်နေသောလူကောင်သေးသေး
အဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကားသွားပြောသည်။
" ဒီလောက်ပျော်နေတာကိုမြင်တော့ဂရုမထားပဲမနေနိုင်တော့လို့
ပါ။ ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"
" တစ်နေ့ကိုစီးကရက်သုံးဘူးသောက်တယ်။တစ်ပတ်ကို
ဝီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစားပြီး
လေ့ကျင့်ခန်းမလုပ်ဘူး "
" အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိသွားပြီလဲ"
" နှစ်ဆယ့်ခြောက်နှစ်.."

Photobucket

*ကောင်းရော….*

တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို
သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ်
တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး
အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက
"အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က
ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။

Photobucket

*ဖြစ်ရလေကွယ်….*

ဆရာမတစ်ဦးကမူကြိုကလေးတွေကိုအိမ်မွေးတိရိစ္ဆာန်အခေါ်အဝေါ်တွေ
သင်ပေးနေတယ်။ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။
မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။
မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်ကထအော်လိုက်တယ်"မေမေ"တဲ့။

Photobucket

*တီဗွီတစ်လုံး မြန်မြန်ပေးပါ*

ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့
ကောင်လေးကအမေကိုပူဆာတယ်။ ကောင်လေးကဆိုးပေပြီးစာလည်းမကြိုးစားတဲ့အတွက်
အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက ကောင်လေးကို "ကောင်လေး ဘုရားသခင်ကို
စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့
ကောင်းမှုတွေကိုရေးလိုက်..
ဘုရားသခင်က တီဗွီတစ်လုံးလက်ဆောင်ပေးလိမ့်မယ်"လို့ပြောလိုက်တယ်။
ဒါနဲ့ကောင်လေးကဘုရားသခင်ထံစာရေးတော့တယ်။
"ချစ်လှစွာသော ဘုရားသခင်၊ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ
အများကြီးလုပ်ခဲ့ပါတယ်။ အခုဆိုခရစ်စမတ်ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော
သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။
ကောင်လေးကစာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့
ဒုတိယတစ်စောင်ကိုကောက်ရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။
ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့
မျှော်လင့်ပါတယ်"
လို့ ပြင်ရေးလိုက်တယ်။
ကောင်လေးကစာကိုတစ်ခေါက်ပြန်ဖြစ်ကြည့်ပြီးမကြိုက်လို့တတိယတစ်စောင်ကိုရေးလိုက်ပြန်တယ်။
"ဘုရားသခင်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။
ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး
ဘုရားကျောင်းကိုသွားခဲ့တယ်။
ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့
ကောင်လေးကစတုတ္ထမြောက်စာကိုရေးပြီး
မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ
စာတစ်စောင်ကျနေတာကို
တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့…
"ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို
တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။

Photobucket

*မစားချင်ဘူးလား*

စိတ္တဇဆေးရုံတွင်ဆေးရုံအုပ်ကြီးကလူနာများအား
ပြောကြားသည်မှာ…
" မနက်ဖြန်လူကြီးတစ်ယောက်ဆေးရုံမှာလာဟောပြောမယ်
သူဟောပြောပြီးလို့ ငါချောင်းဟန့်တာနဲ့အားလုံး
လုပ်ခုပ်တီးကြပါ။ဒါဆို မင်းတို့ကိုကြက်သားဟင်းနဲ့
ထမင်းကျွေးမယ်။ "
ဟောပြောသောနေ့သို့ရောက်သောအဆင်ပြေစွာ
ဟောပြောပြီးဆုံးသောကြောင့်လူကြီးကလွန်စွာကျေနပ်
လေ၏။ထိုအခါဆေးရုံအုပ်ကြီးကချောင်းဟန့်လိုက်၏
ထင်ထားသည့်အတိုင်းအားလုံးက၀မ်းမြောက်စွာ
လက်ခုပ်တီးကြလေသည်။ သို့သော်မထင်မှတ်သော
အဖြစ်တစ်ခုလည်းဖြစ်သွားသည်။ထိုသည်ကား
လူနာတစ်ယောက်သည် ရုတ်တရက်လူကြီးဖြစ်သူအား
ပါးချလိုက်ခြင်းဖြစ်သည်။အားလုံးမင်တတ်နေစဉ်
သူပြောလိုက်သောစကားသည်ကား
" အရူး..မင်းကလက်ခုပ်တီးရမယ်ဆိုတာမသိဘူးလား
ကြက်သားဟင်းမစားချင်ဘူးလား။ "

Photobucket

*ဟွန်း..မလိုရင်ကူပြီ*

ရထားတစ်စီးပေါ်တွင်ပိန်ပိန်ပါးပါးအသက်ခပ်ကြီးကြီး
အမျိုးသားကြီးတစ်ယောက်ပုံကားအလွန်အားနည်းပုံပေါက်သည်။
သူဆင်းမည့်ဘူတာရောက်သောအခါတိုက်ရိုက်တည့်တည့်မဆင်း
နိုင်ပဲတံခါးပေါက်မှလက်ကိုင်သံတန်းကိုဖြည်းဖြည်းဆင်းနေသည်။
ကံကောင်းထောကမစွာဖြင့်ကူညီတတ်သောအစောင့်
တစ်ယောက်ရောက်လာပြီးသူကိုကျောမှထိန်းပေးသည်။သို့သော်
ရထားပေါ်တတ်ရန်းကြိုးစားနေသည်ဟုထင်၍ရထားပေါ်ပြန်တွန်းတင်
လိုက်သည်။တံခါးပေါက်ချက်ချင်းပိတ်သွားပြီးရထားကဆက်ထွက်
လာခဲ့သည်။အဘိုးအိုမှာနောက်ဘူတာရောက်သည်အထိသူ့အဖြစ်ကို
မကျေမနပ်ဖြင့်မည်တွန်တောက်တီးလာပါတော့သည်။

Photobucket

*စိုးရိမ်တတ်တယ်..*

ခွေးများကိုသန့်ရှင်းရေးလုပ်ပေးရသူအဖြစ်လုပ်ပေးရသော
အမျိုးသမီးတစ်ယောက်အားခွေးကကိုက်လိုက်သည်။ထိုအခါနာကျင်
မှုကိုသတိပြုမိသွားသောအလုပ်ရှင်ထံမှစိုးရိမ်ပူပန်သောအသံထွက်
လာသည်။
" ညည်းဘာပဲလုပ်လုပ်အဖြုရောင်ခွေးပေါ်မှာတော့သွေးမပေ
စေနဲ့ "

Photobucket

*ကွာရှင်းလိုကြောင်း*

ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုကြောင်း လျှောက်ထားသော
အမျိုးသမီးတစ်ဦးအား စိတ်ပြောင်းရန် တရားသူကြီးက ကြိုးစားလျက် ရှိသည်။
"ခင်ဗျားက အသက် 92 နှစ်။ ခင်ဗျား ယောက်ျားက 94 နှစ်။ အိမ်ထောင်သက် 73
နှစ်ရှိပြီ။ ခုမှ ဘာကြောင့်ကွဲချင်ရတာလဲ" အမျိုးသမီးက ရှင်းပြသည်မှာ
"ကျွန်မတို့ အိမ်ထောင်ရေးက အဆင်မပြေတာကြာပါပြီရှင့်။ ဒါပေမယ့် ကလေးတွေ
သေတဲ့ ထိစောင့်ဖို့ ကျွန်မတို့ ဆုံးဖြတ်ထားကြလို့ပါ"

Photobucket

*တယ်ဟုတ်ပါလား*

ကားမောင်းသင်ဆရာက အလွန်အကျွံကြောက်တတ်သူ တစ်ဦးအား ကားမောင်းသင်ပေးလျက်
ရှိသည်း သူမမှာ နှစ်လမ်းမောင်းလမ်းပေါ်တွင် တစ်ဖက်မှ ကားတစ်စင်း
ချဉ်းကပ်လာတိုင်း ကြောက်လန့် တကြားဖြစ်တတ်သည်။
" ဒီတစ်ခါ တယ်ဟုတ်ပါလား" အမောင်းသင်ဆရာက ပြောလိုက်သည်။ အမောင်းသင်
အမျိုးတစ်မီးက " ဟုတ်ကဲ့၊ ကျွန်မက ဟိုဘက်က ကားတစ်စီးလာ တာမြင်ရင်
မျက်စိမှိတ်ထားတာကိုး"

Photobucket

နိုင်ငံရေး သတင်းထောက်*

လူ တစ်ယောက်သည် နိုင်ငံရေး သမားတစ်ဦး၏ သတင်းထောက်အဖြစ်
လျှောက်ထားလိုက်သည်။ လျှောက်လွှာတင်ပြီး မကြာမီ နိုင်ငံရေးသမား၏ ရုံးမှ
ပြန်ကြားစာကို သူရသည်။ " လူကြီးမင်း၏ ကိုယ်ရေးမှတ်တမ်းသည်
ပုံကြီးချဲ့မှု၊ သဘာဝ မဆန်မှု၊ အမှန်တစ်ဝက် မုသားတစ်ဝက် ဖြစ်မှု များ
ပြည့်နေပါသည်။ လူကြီး မင်း တနလာင်္နေ့တွင် အလုပ်စတင် ၀င်ရောက်နိုင်ပါသလား